အချပ်ပို (၂၉)

586 47 12
                                    

(⚠️အလစ်တဲလေး မှောင်ပါမယ်⚠️)

=====

တောင်ကုန်းလမ်းမှ တရွေ့ရွေ့ ချီတက်လာကြသော မီးခိုးရောင် မဟာမိတ် တပ်ကားများ။ လိုရာကို ရောက်သဖြင့် တိခနဲ ရပ်ကြသည်။ ရှေ့ဆုံးကားမှ ကားတံခါး ပွင့်လာသည့်နောက် မီးခိုးရောင် ပြောက်ကျား ဝတ်စုံအပြည့်အစုံ ဝတ်ဆင်ထားသည့် ဦးလေးကြီးတစ်ဦးက တပ်သားနှစ်ယောက်နှင့်အတူ ဈာန်ဘုန်းနိုင်တို့ရှိရာကို တရွေ့ရွေ့ လှမ်းလာကြသည်။

"အားလုံး အသင့်ပြင်ထား"

ခွန်းဒါရီ၏ ခပ်အုပ်အုပ် အမိန့်ပေးသံ အဆုံး ဈာန်ဘုန်းနိုင်နှင့် တပ်သားတို့သည်လည်း အဆင်သင့် အနေအထား ပြင်ကြကာ ခြေတံရှည်ဖြင့် တလွှားလွှား လှမ်းနေသော ခွန်းဒါရီနောက် လိုက်သွားကြရသည်။

အစိမ်းပုပ်ရောင် ပြောက်ကျားဝတ်စုံ တပ်ဖွဲ့နှင့် မီးခိုးရောင် ပြောက်ကျားဝတ်စုံ တပ်ဖွဲ့တို့သည် တိမ်ကင်းစင်သော မိုးသားအောက်တွင် ထိပ်တိုက် ဆုံတွေ့ဖို့ ခြေလှမ်း လှမ်းနေကြခြင်းပါ။ အလကား ဆုံတွေ့ကြခြင်းမျိုး မဟုတ်ဘဲ ခွန်းဒါရီတို့၏ တပ်သားများကို လက်နက် ခဲယမ်းများနှင့်တကွ စစ်ကူရောက်လာကြသော ‌အနောက်ပိုင်း ဒေသက မဟာမိတ်တပ်များအား လေးစားသမှုဖြင့် ဗိုလ်ကြီးကိုယ်တိုင် လာရောက် ကြိုဆိုခြင်းမျိုး။

နှစ်တပ်စလုံး ထိပ်တိုက် တွေ့ကြလေပြီ။ ဗိုလ်ကြီး ဖြစ်သည့် ခွန်းဒါရီမှ ခြေလှမ်းကို တုံ့ခနဲ ရပ်သလို တစ်ဖက်က ဗိုလ်ကြီး ဖြစ်ဟန်တူသော လူကြီးလည်း ခြေလှမ်းကို တိခနဲ ရပ်လေပြီ။

ထိုလူကြီးသည် အသက် ငါးဆယ်ကျော်လောက် ရှိမည်။ မျက်နှာထားက ခွန်းဒါရီထက်ပင် တည်တံ့နေသေး၏။ အနည်းငယ် ဝဖိုင့်သည်။ အသားအရည်က နီကြန်ပြီး မျက်နှာပြင်က ပဉ္စဂံကျသည်။ မျက်လုံးကျဥ်းပြီး မျက်ခုံးပါးသည်။ နှာခေါင်းကြီးသည်။ ပါးစပ်ထူက ညိုသည်။ 

သို့သော် အရှိန်အဝါက တစ်မျိုး ထွက်နေ၏။

ခွန်းဒါရီသည် အနှီလူကြီးကို အလေးပြုသဖြင့် ဈာန်ဘုန်းနိုင်တို့လည်း လိုက်ပါ အလေးပြုရသည်။

တောင်တန်းကြီး တည်သရွေ့(U/Z) {Completed} जहाँ कहानियाँ रहती हैं। अभी खोजें