Part-7

38.5K 1.1K 69
                                    

Unicode

ဆိုဖာပေါ် ပြေလျော့စွာမှီထိုင်ရင်း စီးကရက်ဖွာနေသည့် ဘုရင့်ပုံစံက ပြင်ပလောကကြီး ကိုမေ့လျော့နေသယောင်။တစ်စုံတစ်ခုကိုသာ လေးလေးနက်နက်စိုက်ကြည့်နေလေသည်။
ကျောလည်လောက်ထိရှည်လျားတဲ့ အဖြူရောင် ဆံပင်တို့အားဖြန့်ချလျက် ဖရိုဖရဲဖြစ်နေကာ ရိတ်သင်ထားခြင်းမရှိတဲ့ မုတ်ဆိတ်မွေးတို့ဖြင့် ညင်းသိုးသိုးနိုင်လွန်းလှသည်။

အရှေ့ကစားပွဲခုံပေါ် ပြန့်ကျဲနေတဲ့ အရက်ပုလင်းနှင့် ဆေးလိပ်တိုစများ၊နီရဲနေတဲ့မျက်လုံးအစုံတို့ဟာဖြင့် ၂ညတိတိအိပ်ထားခြင်းမရှိကြောင်း ဖော်ပြနေလေ၏။

"ဘေဘီ ၃ရက်ရှိပြီလေ။ဘာဖြစ်လို့ အဲ့လောက်ထိ အိပ်နေနိုင်တာလဲ။မောင့်ကိုမသနားဘူးလား ဟင်"

သတိမေ့နေရှာသည့် သူမကတော့ သူပြောတာ တွေကိုမကြားနိုင်ပေ။ဖန်ခွက်ထဲက လက်ကျန်အရက်ကိုမော့ချပြီး ယိုင်ထိုးနေတဲ့ခြေလှမ်းတို့ဖြင့် ကုတင်နားသို့သွားစဉ်... ... ။

"သခင်ကြီး ... သခင်ရောက်နေပါတယ်"

အပြင်ဘက်ကအသံကြောင့် Daniel King မျက်မှောင်ကျုံ့လိုက်၏။စုတ်တစ်ချက်သပ်ပြီးကာမှ

"လာခဲ့မယ်"

"ဟုတ်ကဲ့"

ခြေသံတို့ဝေးကွာသွားပြီဆိုမှ ဘေဘီ့နှုတ်ခမ်းလေး တွေကိုဖွဖွထိလိုက်သည်။

"ခဏနော် ။ မောင်ပြန်လာခဲ့မယ်။မောင်မရှိတုန်း ကောင်းကောင်းအိပ်နေနော် သတိမရခဲ့နဲ့။မောင်ပြန် လာမှ ဘေဘီသတိရ ရမယ်။ဘေဘီ သတိရရချင်း မြင်စေချင်တာ မောင့်မျက်နှာကိုပဲ"

ရွှတ်

နှာတံချွန်ချွန်ကြီးတွေနစ်ဝင်သည်အထိ ပါးပြင်ကို ဖိကပ်နမ်းပြီးကာမှ သူ့မျက်နှာကပြုံးလျက် ဧည့်ခန်းဆီထွက်လာခဲ့၏။

::::::::

"မင်းပုံစံက ဘယ်လိုဖြစ်နေတာလဲ king။ လူကောင်းတစ်ယောက်နဲ့မတူတော့ဘူး"

"မာဖီးယားဂိုဏ်းတစ်ခုရဲ့ခေါင်းဆောင်ပါဆို လူကောင်းနဲ့မတူဘူးဆိုတာကတော့...ဖာသည်ပါဆို -င်မခံဘူးလားမေးလိုက်သလိုပဲ"

Daniel KingWhere stories live. Discover now