Part - 87

8.6K 336 55
                                    

Unicode

အမှောင်ထုကြီးထဲ ကိုယ်တစ်ယောက်ထဲသာရှိပြီး ဘေးပတ်ဝန်းကျင်ဟူသည် ဘာတစ်ခုမှ
မမြင်ရအောင်မဲမှောင်နေသည်။သူအခု ဘယ်ကိုရောက်နေတာလည်းမသိသလို
ဘေဘီ ... သူ့ရဲ့ဘေဘီကရော ဘယ်မှာလဲ။

"ဘေဘီ ... ဘေဘီဘယ်မှာလဲ။ မောင့်ကိုစိတ်ဆိုးနေတာလားကလေးရယ်"

မမြင်ရပေမဲ့ စမ်းတဝါးဝါးဖြင့်ရှာကာ အော်နေဆဲပင်။

"မောင် ! ငါဒီမှာလေ"

"ဘေဘီဘယ်မှာလဲ"

"မောင်"

ခရမ်းရောင်ဖျော့ဖျော့ဂါဝန်ရှည်ကြီးကိုဝတ်ထားတဲ့ ဘေဘီက သူ့ကိုလက်ကမ်းပေးနေတာပါ။ ငိုမဲ့မဲ့မျက်နှာလေးနဲ့ဖြစ်တာမို့ စိတ်ပူစွာ ဖက်ထားပေးဖို့ပြင်လိုက်ပေမဲ့ ဘေဘီနဲ့သူက တဖြေးဖြေးဝေးကွာသွားသည်။

"ဘေဘီ"

"မောင် ငါ့ကိုကယ်ပါ"

"ဘေဘီ မောင့်ဆီလာလေ"

"မောင် ငါကြောက်တယ်"

"မောင်ရှိတယ်။မကြောက်နဲ့နော် မောင့်ဆီလာခဲ့"

လက်ကလေးတွေကိုဖမ်းဆုပ်ဖို့ပြင်လိုက်ပေမဲ့ တဖြေးဖြေးချင်းသာ အလှမ်းဝေးသွားပါသည်။

"မောင့်ကိုမကြောက်နဲ့။ဘေဘီ့မှာ မောင်ပဲရှိတာ လာပါကလေးရဲ့ မောင့်ဆီလာခဲ့ပါ"

အရှေ့ကိုတိုးနေပေမဲ့ ဝေးကွာသွားတာမို့ အားမရဖြစ်ကာ အတင်းဇွတ်ထိုးလိုက်စဉ်မှာပဲ...

ဒိုင်း ဒိုင်း ဒိုင်း...

ကျယ်လောင်သည့်သေနတ်သံ၃ချက်က ဘေဘီ့ကို ထိမှန်သွားသည်။

"အား ဘေဘီ ... မဟုတ်ဘူး"

နှလုံးသားတစ်ခုလုံးလစ်ဟာသွားသလို ခံစားချက် နဲ့အတူ ချက်ချင်းလန့်နိုးလာခဲ့၏။

"ဘေဘီ ... ဘေဘီဘယ်မှာလဲ"

နိုးလာလာချင်းမှာပဲ လက်ကဆေးပိုက်တွေ အကုန်ဆွဲဖြုတ်လိုက်စဉ် အနားမှာရှိနေတဲ့
ကိုထွဋ်က သူ့ကိုကြည့်လာသည်။

"မင်းသတိရလာပြီလား"

"ဘေဘီဘယ်မှာလဲ"

"ကျေးက အခု"

Daniel KingWhere stories live. Discover now