Part-48

15.2K 545 83
                                    

Unicode

တီးလုံးသံသာပါသည့် ခပ်ဆွေးဆွေးသံစဉ်ကို ဖွင့်ထားကာ နှုတ်ခမ်းထက်ဝယ် စီးကရက်တို့ကို နေရာပေးထားသည်။အနှီလူသား၏ နှုတ်ခမ်းတွေထံမှ မှုတ်ထုတ်လိုက်သည့် မီးခိုးငွေ့နဲ့အတူ သက်ပျဉ်းချသံသဲ့သဲ့။

"ဘုရင်"

နောက်ပါးဆီကနေ သူ့ခါးကိုဖက်တွယ်လိုက်သည့် လက်ကလေးတွေ။ရင်းနှီးနေကျ ကိုယ်သင်းနံ့လေး နှင့် အသက်ရှုသံတို့ကြောင့် ထိုလူ့မျက်နှာက ချက်ချင်းပြောင်းလဲကာ ပြုံးရိပ်သန်းသွားသည်။

"မောင့်ဘေဘီ ... ပြန်လာပြီလား"

"နေမကောင်းဘူးလား"

"နေကောင်းပါတယ်။စိတ်မကောင်းတာ"

အပြင်ကပြန်လာပြီးအဝတ်အစားတောင် မလဲရသေးတဲ့ သူ့ရဲ့ဘေဘီကို ပေါင်ပေါ်ပွေ့တင်ကာ မျက်နှာလေးကို ရင်ဘတ်ကြီးထံကပ်ထားလိုက်၏။ ဘေဘီအပြင်ကိုသွားသည့်တစ်ချိန်လုံး သူပူပန်နေခဲ့ရတာတွေက တိုးညှင်းတဲ့ အသက်ရှုလေးကိုကြားလိုက်ရမှ သက်သာသည်။

"ဘုရင်ရယ် အိပ်မက်ကို အဲ့လောက်အစွဲမထားနဲ့လေ။ငါ နင့်ဘေးမှာပဲ ရှိနေမှာပါ။ထွက်မသွားဘူးလို့ ကတိပေးထားတယ်လေ"

"ဘယ်လိုထွက်သွားတယ်ထင်လို့လဲ ။ ဘေဘီထင်နေသလို ထွက်သွားတာမျိုး မဟုတ်ဘူးကလေးရယ်။မောင့်ကလေးကို ပြန်မတွေ့နိုင်တော့မဲ့ ထွက်သွားခြင်းမျိုးနဲ့ ထွက်သွားတာ။အဲ့ဒီစကားကို မောင့်ပါးစပ်ကတောင်မထွက်ရဲဘူး"

"အိပ်မက်ထဲမှာ ငါသေသွားခဲ့တာလား။ အဖြူရောင်ကိုဝတ်ပြီးလေ"

"မပြောနဲ့ဘေဘီ။အဲ့ဒီစကားမျိုး ထပ်မပြောမိစေနဲ့ မောင်လုံးဝမှမကြိုက်ဘူး"

အနှီဘေဘီ့ကိုတင်းကြပ်နေအောင်ဖက်ထားရင်း ဒေါသထွက်နေမိသည်။သူတောင်မပြောရဲတဲ့ စကားကို ရဲတင်းစွာဖြင့်လက်လွှတ်စပယ်ပြောလိုက် တဲ့ဘေဘီကို လက်မောင်းရိုးတွေကျိုးကြေမတတ် သူဖက်ထားသည်။

"ငါ့လက်တွေနာနေပြီ"

"... ..."

"ဘုရင် ငါတကယ်နာနေပြီလို့"

"အဲ့ဒီစကားကိုထပ်မပြောမိစေနဲ့။စကားလုံးလေးကအစကို မောင့်ကိုရူးသွားစေနိုင်တယ်"

Daniel KingWhere stories live. Discover now