Part-79

9.2K 364 39
                                    

Unicode

Dam Kingလိုက်ပါလာတဲ့ကားက ရုတ်တရက်ထိုးရပ်သွားတာမို့ ပါလာတဲ့ သက်တော်စောင့်တွေ လှုပ်လှုပ်ရှားရှားဖြစ်ကုန်၏။

"ဘယ်လိုဖြစ်တာလဲ"

"ကားဘီးပေါက်တာ သခင်ကြီး"

"သေချာရဲ့လား"

ထိုမေးခွန်းနဲ့အတူ ဆင်းကြည့်ဖို့ပြင်လိုက်ပေမဲ့ ဟန့်တားခြင်းခံလိုက်ရသည်။

"ကျွန်တော်အရင်ဆင်းကြည့်လိုက်ပါ့မယ်"

ထွက်မလာခဲ့ခင်ကတည်းက သေချာစစ်ဆေးထားတဲ့ကားက လမ်းမှာ ရုတ်တရက်ဘီးပေါက်တာကို Dam King မသင်္ကာပါ။အာဏာပိုင်တစ်ယောက်နဲ့ တွေ့ဖို့ ချိန်းထားသည့်နေရာကိုသွားမည့်အချိန်မှ အခုလိုဖြစ်ရတာကို ပိုပြီးသံသယရှိသည်မို့ ကားပေါ်ကဆင်းကာ ပေါက်သွားသည့် အရှေ့ဘီးကို ကြည့်နေစဉ်...

"အာ့ "

Dam ရဲ့ဘေးက သက်တော်စောင့်ဟာ လဲကျသေဆုံးသွားသည်။

"စနိုက်ပါ ... စနိုက်ပါသမားရှိတယ်"

အသင့်အနေအထားအတွက် ပစ္စတိုကို ထုတ်လိုက်ပါသော်လည်း သူတို့မမြင်နိုင်တဲ့ နေရာရှိ စနိုက်ပါသမားပစ်တဲ့သေနတ်က လက်မောင်းကိုလာမှန်သည်။

"သခင်ကြီး"

"အရှေ့ကားကိုပြောင်းမယ်"

"ချိန်းထားတဲ့နေရာကို ဆက်သွားအုံးမှာလဲ"

"ဒီတစ်ခေါက်ကိစ္စ အရေးကြီးတာသိတယ် မသွားလို့မဖြစ်ဘူး"

"ဒါပေမဲ့ လက်ကဒဏ်ရာက"

"မသေနိုင်ပါဘူး မင်းလေရှည်မှအကုန်သေမှာ"

ထိုတော့မှ အရှေ့ကားဆီသွားကျသည်က မြန်ဆန်လွန်းလှစွာ။ဘယ်သူလဲ။ဘယ်သူက သူ့ကိုလုပ်ကြံရဲတာလဲ။တကယ်ဆို သတ်လိုက်လို့ရသည်သားနဲ့ ဟန့်တားလိုတဲ့ ရည်ရွယ်ချက်ဖြင့်သာ လက်ကိုပစ်ခြင်းဖြစ်နိုင်တယ်။

::::::::

"ဘေဘီ ... ဘေဘီ့ကိုမောင်ရှာတွေ့တော့မယ် လုံခြုံတဲ့နေရာမှာ ပုန်းထားနော်"

နေ့လည်နေ့ခင်းဆို ဘေဘီကအိပ်ရင်အိပ် မအိပ်ရင် အချိန်ပြည့် ဂိမ်းဆော့နေတတ်တာကို သတိထားမိတာကြာလေပြီ။မျက်လုံးတွေ ထိခိုက်မှာစိုးရိမ်လို့ပြောပြန်တော့လည်း မဆူနဲ့ ဆိုတဲ့ဘေဘီ့စကားကြောင့် ဘာတစ်ခုမှ
ဆက်မပြောနိုင်အောင်ဖြစ်ရတာလည်းကိုယ်ပါ။ ဒါကြောင့်ပဲ ဘေဘီ့ipadကိုဖွက်ထားတော့ နောက်တစ်မျိုးဂျီကျသည်က တူပုန်းတိုင်း ကစားကျမယ်တဲ့။ ဒီကွန်ဒိုထဲမှာပဲ လှည့်ပတ်
ပုန်းရင်း ဘေဘီ့ကိုအကြိမ်ကြိမ်ဖမ်းမိပေမဲ့ သူကတလှည့်ပြန်ပုန်းရသည်မရှိတဲ့ တစ်ဖက်သတ်ကစားပွဲကြီး။

Daniel KingWhere stories live. Discover now