Part-10

37.8K 1K 67
                                    

Unicode

ဝတ်ထားတဲ့အညိုရောင်ဂါဝန်လေးကို သဘောကျစွာ ဖြင့် ထိုဂါဝန်ကိုပင့်ကိုင်လျက် မှန်ရှေ့ရပ်ကြည့်နေမိသည်။

"ဘေဘီ သဘောကျလို့လား"

"နင်"

တံခါးပေါက်ကိုခပ်နွဲ့နွဲ့မှီရပ်ကာ မျက်လုံးတွေ မှေးစင်းပြီး ပြုံးစစမျက်နှာပေးဖြင့် ကျေးကိုကြည့်နေသူက အရိုင်းအစိုင်းကောင်သာဖြစ်သည်။ မိန်းကလေးတစ်ယောက်အိပ်ခန်းကို လက်လွတ်စပယ်ဝင်ခဲ့ခြင်းကို အပြစ်ဆိုလျှင်လည်း သူ့ရဲ့အရှက်မရှိစွာသောစကားတို့အား ကြားရပေအုံးမည်။

"ဘေဘီ ဂါဝန်ကနောက်ဇစ်မဆွဲရသေးဘူး။ မောင့်နားလာ မောင်ကူပေးမယ်"

" ဟင့်အင်း လော့ယန်ရှိတယ်"

"မရှိပါဘူး။ခုနကပဲ ဟိုဘက်အိမ်ကိုသွားတယ်"

မှာထားလျက်နဲ့ ကျေးကိုတစ်ယောက်ထဲ ထားခဲ့ တာမို့ အလိုမကျစွာဖြင့် နှုတ်ခမ်းပါးတို့က မဲ့သွားရ၏။လော့ယန်သာမရှိရင် အရိုင်းအစိုင်းကောင်က ကျေး ကို စံအိမ်ခေါ်သွားဖို့ပဲ ချောင်းနေတာ။

"သူမရှိလည်းဘာဖြစ်လဲ။ဘေဘီ့ယောကျာ်း တစ်ယောက်လုံး ဒီမှာရှိနေတာပဲကို ...လာစမ်းပါကွာ"

"ဟင့်အင်း ! ငါအင်္ကျီပြန်လဲဝတ်မှာ"

"လဲမလို့လား လဲလေ။အဟွန်း  မောင်က ပိုတောင်ကြိုက်သေးတယ်"

"နင် !"

အမြင်ကတ်စရာကောင်းအောင် ပြုံးရင်း ထိုလူက ကျေးရဲ့ကျောပြင်ကို အငမ်းမရလိုက်ကြည့်နေသေးသည်။

"လဲလေ။ဘေဘီပဲ မောင်ဇစ်ဆွဲပေးတာကို မလိုချင်ဘူးမလား။ဘာဖြစ်လဲ မောင်ကိုယ်တိုင် လဲပေးရမလား"

"နင် အပြင်ထွက်ပေး"

"no"

"ဘုရင်"

"yes babe မောင်ရှိတယ်"

"နင်မျက်လုံးမှိတ်ပြီး ငါ့ကိုဇစ်ဆွဲပေး"

"ဟာ ဘေဘီ့အသားကိုညှပ်မိရင် ဘယ်လိုလုပ်မလည်း။မောင့်ဘေဘီ နာကုန်မှာပေါ့"

"အဲ့လိုမှမဟုတ်ရင် ငါဒီအတိုင်းပဲနေတော့မှာ"

"ok ok မောင်ကပဲအလျော့ပေးပါ့မယ် ဟုတ်ပြီလား"

Daniel KingWhere stories live. Discover now