Part-67

11.8K 480 59
                                    

Unicode

ခေါင်းပင်မထောင်နိုင်အောင် မူးရူးနေတဲ့ kingကို ကြည့်ပြီး ပယ်ပင်းနဲ့ထွဋ်က ညစ်ကျယ်ကျယ်ပြုံး၏။ထို့နောက် kingရဲ့ပခုံးကို ပုတ်ကာ...

"king"

"ဗျာ..."

အာလေးလျှာလေးဖြင့် ပြောနိုင်သေးတာမို့ ထွဋ်က ဝမ်းသာအားရဖြင့် အသံဖမ်းစက်ကို ထုတ်သည်။

"king...မင်းက black cardကြီးကိုင်ပြီး ဘာဖြစ်လို့ကပ်စေးနှဲနေတာလဲ"

"မိန်းမအတွက်ပေါ့ဗျာ ... အေ့"

"မင်းမိန်းမကမင်းပိုက်ဆံကိုမသုံးဘူးလေကွာ။ သူ့ဘာသာဒီဇိုင်းနာလုပ်ပြီး ရတဲ့ပိုက်ဆံကိုသုံးတာ။ မင်းအရင်က သူ့ဘဏ်အကောင့်ထဲ ထည့်ပေးနေတဲ့ ပိုက်ဆံတွေတောင် ဒီအတိုင်းပဲရှိသေးတယ်"

"ကိုထွဋ်မူးနေတာလား၊ဒါမှမဟုတ် ရူးသွားတာလား။ ဘေဘီ့အကောင့်ထဲက ပိုက်ဆံတွေက ကျွန်တော့်စက်ရုပ်တွေရောင်းပြီး ရတဲ့ပိုက်ဆံလေ အေ့"

"ဒါပေမဲ့ ကျေးကမသုံးဘူးလေ"

သူ့မေးခွန်းကြောင့် အမူးသမားက ခေါင်းထောင်လာ၍...

"ကိုထွဋ်အရူးပဲ။အိမ်မှာထိုင်နေတဲ့ ဒီဇိုင်းနာကိုဖုန်းဆက်ပြီး တကူးတကအလုပ်လာအပ်ကျမယ်ထင်လို့လား"

"ဒါဆို ကျေးဆီအလုပ်အပ်တဲ့လူတွေက..."

"ကျွန်တော်ငှားပြီး ခိုင်းထားတဲ့လူတွေ"

"မင်း တကယ့်ကောင်ပဲ"

"ရှာထားသမျှကမိန်းမအတွက်ပဲ။ မိန်းမပဲသုံး။ ဒီကောင်ကြီးက ကျွဲလို၊နွားလိုရှာကျွေးမှာ"

ပုံမှန်အတိုင်းနေရင်တောင် ပေါက်ကရပြောတတ်တဲ့ဘုရင်က အခုတော့ မူးရူးကာ ဆံပင်တို့ဖွာလန်ကျဲလျက် မပြောရဲတာ မရှိတော့ပေ။သူ့မိန်းမအတွက်ဆို သူတို့မသိအောင် စီစဉ်သည့်kingကို ထွဋ်က ရယ်၍...

"လူလိုရှာကျွေးလည်းရပါတယ်ကွာ။ မင်းလည်းနော် တော်တော်ချမ်းသာတာပဲ။ဒါနဲ့များ ကပ်စေးနဲနေသေးတယ်"

"အခုချိန်နည်းထားမှတော်ရာကျမှာဗျ။ ဘေဘီ့ကျန်းမာရေးက ဘယ်အချိန် ထဖောက်မလည်းမသိဘူး...အဲ့ဒီအချိန် ကုသပေးဖို့အဆင်သင့်ဖြစ်နေရမယ်။ပြီးတော့ သားရဲ့နောင်ရေးအတွက်ဗျ။သားကို ကျွန်တော့်လို ဂိုဏ်းခေါင်းဆောင်တစ်ယောက် ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး ။ တစ်ချိန်ကျရင် ဘေဘီနဲ့သားကိုခေါ်ပြီး မြို့ပြင်ကဘေဘီ့ အိမ်လေးမှာသွားနေမှာ"

Daniel KingWhere stories live. Discover now