Part-24

19.4K 627 34
                                    

Unicode

ကျောလည်ထိရှည်တဲ့ အဖြူရောင်ဆံပင်ရှည်တို့က လေတစ်ချက်တိုက်လိုက်တိုင်း လှုပ်ရှားသည်။ နားမှာဝတ်ဆင်ထားသည့် နီလာရောင်နားဆွဲကလည်း လှုပ်ခတ်လျက်။အနှီလူသားက ကြက်သွေးရောင်ရှပ်လက်ရှည်ကို ကြယ်သီးတစ်ဝက်သာတပ်ပြီးဝတ်ဆင်ထား၏။ အနက်ရောင်ကုတ်အင်္ကျီကို လက်တစ်ဖက်ကကိုင်၍ ပခုံးပေါ်လွှားတင်ကာ ပြုံးနေသည်က တစ်စုံတစ်ယောက်ကိုငေးကြည့်နေရင်းသာ။

ထိုလူသားမှာထူးဆန်းနေသည်က အဖြူတောင် မျက်တောင်မွေးတွေ။မျက်ကပ်မှန်ကြောင့် ခရမ်းရောင်ပြေပြေသန်းနေသည့် မျက်ဝန်းတို့မှာလည်း ယခုမှာတော့ ဖြူစွတ်နေပြန်သည်။

သူငေးကြည့်နေသည့်တစ်စုံတစ်ယောက်ကတော့ ယုန်ဖြူကလေးတွေကို အစာကျွေးရင်း ရယ်မောနေရှာ၏။

"King "

ခေါ်လိုက်ပေမယ့် ထိုလူကလှည့်မကြည့် သူ့အာရုံတွေက တစ်စုံတစ်ယောက်မှာသာ ရှိနေသည်။

" King "

ပခုံးကိုပုတ်ခေါ်တော့မှ လှည့်ကြည့်လာကာ...

"ဘာလဲ"

"သွားမတွေ့ဘူးလား"

"သူပျော်နေတာလေ။နေပါစေတော့...မသွားတော့ဘူး။၂နာရီပြည့်ရင်သာ သံကြိုးပြန်ခတ်ထားလိုက်"

"၂နာရီပြည့်ပြီလေ"

"မြန်လိုက်တာ။နောက်ထပ် ၁နာရီလောက် ပျော်ပါစေအုံး။အခုလိုပျော်နေတာလေး မမြင်ရတာကြာနေပြီ"

လက်မှာပတ်ထားတဲ့နာရီကိုငုံ့ကြည့်ရင်း ဘောင်းဘီအိတ်ကပ်ထဲက သော့ကိုထုတ်လိုက်၏။

"မင်းကိုအပ်ခဲ့မယ်"

"မင်းကဘယ်သွားမလို့လဲ"

"ငါ့ရဲ့ဒီပုံစံ...ဘေဘီ့ကိုမမြင်စေချင်ဘူး"

"မဟုတ်သေးပါဘူး။မင်းက ဘာတွေချို့ယွင်းနေတာမို့လို့လဲ"

"ဒီမျက်လုံးတွေကိုဖောက်ထုတ်ပစ်ချင်လိုက်တာ"

မြကျေးကဗျာနွယ်ပက်လိုက်သည့် ကယ်ရိုနစ် အရည်တွေကြောင့် အဖြူရောင်ပြောင်းသွားသည့် သူ့မျက်ဝန်းတွေနဲ့ မျက်တောင်မွေးတို့ကို မုန်းလွန်းလှသည်။

Daniel KingWhere stories live. Discover now