Part-55

13.1K 515 144
                                    

Unicode

သူအနောက်ကလိုက်လာသည်ကို သိသည့်မို့ အရှေ့ကခပ်သွက်သွက်လျှောက်နေတဲ့ ကောင်မလေးဟာ အစိမ်းရောင်ဖျော့ဖျော့ ဆံနွယ်တွေနှင့်။ ကလပ်ကနေထွက်လာသည့် အချိန်ထဲက သူမနောက် တောက်လျှောက် လိုက်လာတာဟာ မီးပွိုင့်ကျော်သည်အထိ လိုက်နေဆဲပင်။

"ဟေ့"

သူခေါ်လိုက်ပေမဲ့ ထိုကောင်မလေးက လှည့်မကြည့်ပဲ ခြေလှမ်းတို့ကို အရှိန်တင်ကာ ညဈေးတန်းဘက်ကို သုတ်ခြေတင်ပြေး၏။

ထို့ကြောင့် စိတ်မရှည်စွာဖြင့် ပြေးလိုက်၍ သူမပခုံးကိုဆွဲလှည့်လျက်...

"မင်းကိုခေါ်နေတာ"

"ဦး ... ဘာမှမလုပ်ပါနဲ့။ဦးတောင်းတာပေးပါ့မယ်"

"ဘာရယ် ။ ဦး ဟုတ်လား"

"ဟုတ်"

"နေပါအုံး ။ မင်းအမြင်မှာ ငါ့အသက် တော်တော်ကြီးတဲ့ပုံပေါက်နေလို့လား"

"ဦးက အသက်ဘယ်လောက်လဲ"

"အသက်လာမေးတိုင်းဖြေရအောင် သေမင်းကြားလို့ပြန်ခေါ်ရင် မင်းလိုက်သွားမှာလား"

"ဟင်ဘယ်လိုကြီးလဲ"

"31"

"ခုနကပြောလိုက်ပြီးရော 31ဆိုတော့ ဦးပေါ့ ။ သမီးက အခုမှ19ပဲရှိသေးတာ"

အေးလေ 19နဲ့31ဆိုမှတော့ ဦးအရွယ်ပေါ့။ ဒါပေမဲ့ သူ့ကိုယ်သူ မယုံနိုင်အောင်ဖြစ်နေသေးသည်။ သူ့အသက်က အဲ့လောက်ကြီးသွားပြီတဲ့လား။ ဦးဆိုတဲ့စကားလုံးက သူနဲ့စိမ်းသက်နေပြီး မောင်ဆိုတဲ့အသုံးအနှုန်းသာသုံးချင်နေတာ ဒုက္ခပဲ။ 19နှစ်အရွယ်ကလေးမလေးရှေ့ မောင်လို့ ပြောလိုက်ပြန်ရင်လည်း စောက်ရှက်ကကွဲအုံးမယ်။

"သမီးဆီက ပိုက်ဆံလိုချင်ရင် အကုန်ယူပါ။ လူကိုတော့ ဘာမှမလုပ်ပါနဲ့"

"ပိုက်ဆံလား"

"ဟုတ်"

"ဒီမှာကြည့်စမ်း ။ ဒီကဒ်ထဲ သိန်းထောင်ချီပြီရှိတယ်"

Cardကိုထုတ်ကာ ထိုကလေးမနှာခေါင်းနား ကပ်ပေးလိုက်၏။

"ရှူအနံ့ကို "

"ဟို ... ပိုက်ဆံမဟုတ်ဘူးဆိုရင် ဘာရချင်လို့လဲ"

"ငိုပြစမ်း"

Daniel KingWhere stories live. Discover now