Part-96

9.4K 384 144
                                    

Unicode

"သခင်ကြီး ကျေးမရှိတော့ဘူး"

"ဘာ ! "

"ဂိုထောင်တစ်ဝိုက်နဲ့ ခြံထဲမှာလိုက်ရှာပြီးပြီ ဘယ်မှာမှရှာမတွေ့ဘူး... ဘယ်လိုလုပ်ကျမလဲ ကျေးတစ်ခုခု ဖြစ်နေပြီလားမသိဘူး"

လော့ယန်စကားကြောင့် သူ့တစ်ကိုယ်လုံးထူပူကာ ခြေထောက်တွေတုန်လာသည်။

ဂိုဏ်းပေါင်းစုံ ဆွေးနွေးပွဲမှာ အလောတကြီး ရောက်လာတဲ့ လော့ယန်နဲ့ မတ်တပ်ထရပ်လိုက်တဲ့ သူ့ကို တခြားခေါင်းဆောင်တွေက စူးစမ်းသလို ကြည့်လာပေမဲ့ kingဂရုမစိုက်နိုင်တော့။

နက်ခ်ကတိုင်ကိုဖြေလျော့လိုက်ပြီး သူ့ရဲ့ခြေလှမ်းကျဲကြီးတွေနဲ့ စံအိမ်ဒုတိယအထပ်ကိုဆင်းလာခဲ့သည်။

"ဂိတ်ကိုရော။ဂိတ်အဝင်အထွက် cctvစစ်ပြီးပြီလား"

"ထွဋ်နဲ့ပယ်ပင်းသွားပေမဲ့ ဘာတစ်ခုမှ... "

"စံအိမ်ကလူအင်အားအကုန်ခေါ်ပြီး လိုက်ရှာ။ ဘန်ဂျက်ကိုလေဆိပ်တွေမှာ ပိုက်စိပ်တိုက်ရှာခိုင်း မင်းက အောက်လမ်းထွက်မဲ့ဆီကိုသွားစစ်"

"ဟုတ်ကဲ့ သခင်ကြီး"

မနက်၄နာရီတိတိမှာ ဘေဘီအိပ်နေတဲ့ ဂိုထောင်ကနေသူပြန်လာခဲ့တာမို့ ထွက်သွားတယ်
ဆိုရင်တောင် ဝေးဝေးမရောက်နိုင်လောက်ပါ။ ဒါပေမဲ့ ဘေဘီကထွက်သွားတာမဟုတ်ပဲ
အန္တရာယ်တစ်ခုခုဖြစ်နေတာသာဆိုရင်တော့...

သူ့စိတ်တွေထူပူလာသည်။ကာကွယ်မပေးနိုင်ခင် ဘေဘီသာတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ဒီလိုထွက်သွားမှာစိုးရိမ်လို့ အိပ်ပျော်နေတဲ့ဘေဘီ့ဘေး သူတစ်ချိန်လုံးထိုင်စောင့်နေခဲ့ပြီး သူမလေးမရိပ်မိခင် မိုးလင်းခါနီးမှပြန်လာခဲ့တာပါ။

ဘေဘီ သူ့ကိုတကယ်မုန်းသွားလို့ ထွက်သွားပြီလား။ထိုအတွေးရောက်လာသည်နှင့် ဝဲဘက်ရင်အုံဆီမှနာကျင်မှုဟာ အဆမတန်စွာ။
မုန်းလိုက်ပါပြောနေပေမဲ့ မုန်းသွားမှာကို ကြောက်နေမိတာ သူပါ။သို့သော် သူ့ခြေလှမ်းတွေက အလောတကြီးဖြင့် တစ်နေရာကိုသာဦးတည်သည်။

"ဘေဘီ..."

ဝမ်းသာမှုနဲ့အတူ kingရဲ့နှုတ်ခမ်းနှစ်လွှာဟာ ခပ်တိုးတိုးပွင့်ဟသွားရတယ်
မသေချာတဲ့ မျှော်လင့်ချက်နဲ့ ဂိုထောင်ထဲပြန်ပြီလာရှာတဲ့အချိန် သူမလေးဟာ သေတ္တာတွေနောက်မှ လှဲလျောင်းနေတာတဲ့။

Daniel KingWhere stories live. Discover now