Part-21

23.5K 658 84
                                    

Unicode

တပ်ထားသည့်ခြေတုနဲ့ကျင့်သားမရသေးသည်မို့ ကောင်းစွာလမ်းမလျှောက်နိုင်သေးသည့်သူက တုတ်ကောက်ကိုအားပြုနေရသည်။

"အဆင်ပြေလား ဒေးဗစ်"

"ပြေပါတယ်ဗျာ"

ထော့နဲ့ထော့နဲ့ဖြစ်နေသည့်သူအား ရွယ်ရန့်တွဲပေးသည်မှာ အားမလိုအားမရဖြင့်သာ။

ဒီအတောအတွင်းအနီးကပ်လေ့လာခဲ့တာ ကန်ဒေးဗစ်ဆိုသူကား Daniel Kingကို ယှဉ်နိုင်ဖို့ အလှမ်းဝေးကွာလွန်းလှသည်။သူ့မှာ သတ်ချင် ဖြတ်ချင်စိတ်သာရှိနေပေမဲ့ တကယ်တမ်း သေနတ်ပစ်သင်တာတောင် ဖြစ်ဖြစ်မြောက်မြောက် မသင်နိုင်ပါ။အဲ့လောက်ထိ အင်အားပျော့နေသူက သူ့ချစ်သူကိုများမြင်ရင် ခွန်အားဖြစ်လာမလားအတွေးနဲ့ Kingdomစံအိမ်ဆီခေါ်လာသော်လည်း အနှီလူသားဆိုသည်မှာကား ဘေးကကြည့်နေတဲ့လူ ထိုင်ငိုချရလောက်အောင်အထိ မျက်ရည်တစမ်းစမ်းဖြင့် ။

"ဒီလောက်ကြီးပြီး အစောင့်တွေအများကြီးရှိနေတဲ့ အိမ်မှာ ကျုပ်ချစ်သူ ပျော်နေမယ်လို့ခင်ဗျားထင်လား"

"မင်းဆိုရင်ရော ဒုတိယအစားထိုးခံနေရာမှာ ပျော်မှာလား"

"ကျုပ်ကပျော်ခဲ့တဲ့လူပါ။ကျုပ်ချစ်သူက သူ့အရင်ချစ်သူနေရာမှာ ကျုပ်ကိုအစားထိုးခဲ့တာ ကိုသိသိကြီးနဲ့ပျော်နေခဲ့တာပဲ"

စိတ်ပျက်လက်ပျက်ဖြစ်ရသည်မို့ ကားပေါ်သာ ပြန်ထိုင်နေမိတော့သည်။ကျားသစ်နက် ဂိုဏ်းတစ်ခုလုံးကို အုပ်ချုပ်ရသည်က ဒီလူ့ကို နားလည်အောင်ပြောရတာထက် ပိုပြီးလွယ်၏။

ခေါင်းခါရင်း ကားပေါ်ပြန်တတ်သွားလူကို တချက်ငဲ့ကြည့်သည်။

"လာပါခင်ဗျားရဲ့ ဘယ်လိုဖြစ်လို့ ကားပေါ်နေမှာလဲ"

"မင်းပျော့ညံ့လွန်းတယ်ဒေးဗစ်။ဒီပုံစံနဲ့ ဟိုကောင့်ကို ဘယ်လိုအနိုင်ယူမလဲ"

"ခင်ဗျားရယ် ဒီလောကကြီးထဲမှာ ရဲရင့်တိုင်း အနိုင်ရတာချည်းပဲရှိလို့လား။အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီး ပျော့ညံ့ချင်ယောင်လည်း ဆောင်တတ်ရတယ်ဗျ"

"ဟင်း ... "

သက်ပြင်းသာချမိပြီး သူ့ကိုဘာမှမပြောတော့ သည်မို့ ဒေးဗစ်လည်းဆက်ပြောမနေတော့။ ကျေးကိုတွေ့ပေးမယ်ဆိုပေမဲ့ မြင့်မားတဲ့ အုပ်တံတိုင်းကြီးနဲ့ အစောင့်တွေကိုသာ မြင့်ခွင့်ရသည်ကိုလည်း အားမရလှပါ။

Daniel KingWhere stories live. Discover now