Part-47

15.5K 578 103
                                    

Unicode

"ကိုကိုထပ်မေးမယ်နော်။နေးလေး ကိုကိုနဲ့နေမှာလား"

"ဟင့်အင်းလို့ မာမီ့ဆီပဲပြန်မှာပါဆို"

"လော့ယန် သားကိုသေနတ်ပေး"

လော့ယန်ရဲ့ခါးနောက်ကပစ္စတိုကို ဆွဲယူနေသည်မို့ ဘုရင် ခေါင်းနပန်းကြီးသွားရသည်။ဒေါသတကြီး ဖြစ်နေတဲ့ သားကိုဆွဲထားကာ...

"စိတ်လျော့ပါသားရယ်။မင်းကလည်း မိန်းမမမြင်ဖူးတဲ့အရပ်ကလာတာကျလို့ ငမ်းငမ်းကိုတတ်နေတာပဲ"

"တြာလေး ကိုကိုနဲ့နေမှာလား။မနေရင် သေနတ်နဲ့တကယ်ဖြစ်တော့မှာနော်။ ကိုကို့ပါပါးဆီမှာ ကျားဖြူကြီးလည်းရှိတယ်။ ကျားစာကျွေးခိုင်းလိုက်ရမှာလား"

"အဟင့် ဟင့် ... နေးကိုအနိုင်ကျင့်တယ် ကိုကိုနဲ့မနေချင်ဘူး"

ငိုချလိုက်တဲ့နေးလေးကို ဘေဘီကပွေ့ချီပြီး ဆိုဖာမှာဝင်ထိုင်၏။ဂျူလီဟန်နေးယာကို ခေါ်လာသည့် ကိုထွဋ်ကလည်း တြာကို လက်မြှောက်အရှုံးပေးထားသည့်ဟန်ဖြင့် ဘာမှဝင်မပြောတော့ပါ။

တြာ့ကိုဒင်းလိုက်တော့ ဒင်းလေးက နေးလေးငိုနေတာကို ပြုံးပြုံးကြီးကြည့်နေလေရဲ့။

"မငိုပါနဲ့သမီးရယ်။မာမားတို့ ဘာမှမလုပ်ပါဘူး။ သမီးကိုကိုကလည်းစနေတာပါ"

"တကယ်လုပ်မှာပါဆို"

"တြာနော် ငိုအောင်မစရဘူးလေ"

"နေးလေးငိုနေတာချစ်စရာကောင်းလို့ပါ။ အဲ့တာကြောင့်မို့ သေနတ်နဲ့ပစ်ချင်တာ"

တစ်ဖက်လူနေချင်စရာကောင်းအောင် အပိုးကျိုးလှသည့်သားဖြစ်သူကို ကျေးမျက်စောင်းသာထိုးမိတော့၏။

"ဒီကလေးအကြောင်း ကျေးကိုပြောပြအုံးလေ။ မွေးစားရမယ်ဆို နည်းနည်းတော့သိထားရမှာမလား"

"မွေးစားမယ်"

"အင်းလေ သားရယ်။မွေးစားမှာပေါ့"

"အဲ့တာဆို သားကနေးလေးကို မွေးပြီးမှ စားရမှာလား"

"တြာထန်မင်းမြတ်"

"yes ပါပါး"

"ခဏလေး ပါးစပ်ပိတ်ပြီးငြိမ်ငြိမ်နေနော်။ သားမာမားကိုရှင်းပြရအုံးမယ်"

Daniel KingWhere stories live. Discover now