Part-97

10.8K 377 93
                                    

Unicode

"မောင်က ငါ့ကိုချစ်တယ်လား"

"အိပ်မှာကိုအိပ်လေ...ဘာတွေလာမေးနေတာလဲ"

"ဟွန့် ! အဲ့ဒီမောင်ကလည်း"

မျက်စောင်းလေးထိုးရင်း သူ့လက်မောင်းပေါ် ဘေဘီကခေါင်းအုံးပြီးအိပ်လာသည်။သားကို အလိုက်သိတယ်ပဲပြောရမလား... စာလုပ်စရာ ရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ရှောင်ထွက်သွားတဲ့ သားကြောင့် ဘေဘီနဲ့အတူတူ နီးနီးကပ်ကပ် အိပ်ခွင့်ရခဲ့သည်။

"မောင်လည်းတဖြေးဖြေးနဲ့အိုလာပြီနော်။ 32နှစ်တောင်ပြည့်ပြီးပြီ"

"မင်းကရော အိုလာတာမဟုတ်လို့လား"

"မောင့်အသက်ဘယ်နနှစ်မှာ ငါ့ကိုစတွေ့ခဲ့တာလဲ"

"ဘာလုပ်ဖို့မေးနေတာလဲ"

"သိချင်လို့"

"ငါ့အသက် 22နှစ်မှာ မင်းကိုစတွေ့ခဲ့တာ။ မင်းနဲ့ငါနဲ့ တစ်နှစ်တွဲခဲ့ကျပြီးတော့ 3နှစ်ထပ်ဝေးကျတယ်...ငါတို့ပြန်တွေ့တော့ ငါ့အသက်က26နှစ်ဖြစ်တော့မယ်"

"အဲ့တာဆိုရင် မောင် ငါ့ကိုချစ်ခဲ့တာ 10နှစ်ပြည့်တော့မယ်ပေါ့နော်"

"March 4ရက်နေ့ဆို မင်းကိုချစ်ခဲ့တာ10နှစ်"

"သြော်"

သူ့ခါးကိုဖက်၍ ပြုံးပြုံးကြီးကြည့်နေတဲ့ ဘေဘီ့ကြောင့် အငိုက်မိသွားပြီဆိုတာ သိလိုက်ရပြီ။ဒီလိုမျိုး လူကိုအကျပ်ရိုက်အောင် မေးခွန်းတွေထုတ်ချင်လို့များ အတူအိပ်ဖို့ တောင်းဆိုခဲ့လေသလား။

"မောင် ငါ့ကိုဘယ်လိုစသိတာလဲ"

"စာကြည့်တိုက်မှာ"

"ဟုတ်လား ။ အဲ့တုန်းက ငါလှရဲ့လား"

"အင်း"

"အခုရော"

"အင်း"

"အဲ့တာဆို မောင် ငါ့ကိုဘာဖြစ်လို့
မချစ်တော့တာလဲ။ဘေဘီလွန်းဆိုတဲ့ ကောင်မလေးက ငါ့ထပ်ပိုလှလို့လား"

"အဓိပ္ပာယ်မရှိတာတွေကို မေးမနေပဲ အိပ်တော့မြကျေးတမာနွယ်"

"ပြောလို့ ဘေဘီလွန်းက ငါ့ထပ်ပိုလှလို့လား"

သူ့ကိုကြည့်နေတဲ့ မျက်ဝန်းလေးတွေမှာ ကပ်တွယ်နေတဲ့ မျက်ရည်စတွေ။သူ့ကမ္ဘာမှာ ဘေဘီကသာအလှဆုံးဖြစ်ကြောင်း မေးဖို့မလိုပဲ သိဖို့ကောင်းတာ။

Daniel KingWhere stories live. Discover now