Part-30

21.7K 719 108
                                    

Unicode

မနေ့ကတွေ့ခဲ့တဲ့အရိပ်ကလေးက ဘေဘီ မဟုတ်ပါဘူးလို့ ကိုယ့်စိတ်ကိုအထပ်ထပ်အခါခါ သတိပေးနေပေမယ့် တစ်ညလုံးအိပ်မရခဲ့ပါ။ ဘေဘီသာဖြစ်နေရင် လွဲသွားမှာပေါ့ဆိုတဲ့စိတ်နဲ့ မနေ့ကနေရာကို သူရောက်လာပြန်သည်။

"အဲ့ဒီကလေးမ အဆင်မှပြေနေရဲ့လား"

လမ်းကိုမျှော်ကြည့်နေရင်း သူထပ်တွေးမိပြန်သည်။ နားကြပ်ကိုတပ်ပြီး ကားမှန်ကိုချလျက် သူ့လက်ကိုဆန့်ထုတ်သည်နှင့် ထိုလက်ဟာလည်း မိုးရေကြောင့်စိုပြန်၏။

သူကမိုးရွာတာကိုကြိုက်ပေမယ့် ဘေဘီမကြိုက်ပါ။ မိုးခြိမ်းတာကိုခြောက်တဲ့ကလေးမလေး အခုချိန် ဘယ်ရင်ခွင်မှာများပုန်းခိုနေပြီလဲ။ဘေဘီတို့များ မခံစားတတ်တာပါ ။ မိုးအေးအေးနဲ့ သရဲစာအုပ်တွေဖတ်ရင်း အိပ်ပျော်သွားရတဲ့ ဖီလင်ကဘာနဲ့မှယှဉ်မရတာကို သူကမကြိုက်ဘူးတဲ့။

တကယ်တမ်း သူနဲ့ဘေဘီက ဆန့်ကျင်ဘက်တွေ သူကအဖြူရောင်ကိုချစ်သည်။ဘေဘီကမုန်းသည်။ သူကသွေးကိုမုန်းပေမဲ့ ကြက်သွေးရောင်တွေကိုပဲ နှစ်ခြိုက်စွာဝတ်ဆင်၍ ဘေဘီက ကြက်သွေးရောင်မကြိုက်ပြန်ပါ။အဆိုးဆုံးကတော့ သူကဘေဘီ့ကိုချစ်သည်။ဘေဘီက သူ့ကိုမချစ်။ အပြန်အလှန်သက်ရောက်တတ်တဲ့ သဘောတရားမှာ Daniel Kingအတွက်ကျတော့ တစ်ဖက်သတ်အယူဝါဒကြီးတစ်ခုအဖြစ်နဲ့သာ။

"မနေ့ကဒီအချိန်မှာ အဲ့ဒီကလေးမကို တွေ့ခဲ့တာ။ ဒီနေ့လည်းတွေ့ဖို့မျှော်လင့်တယ် ။"

တွေ့ရမလားဆိုတဲ့အတွေးနဲ့ ဆေးလည်းမသုံးခဲ့သလို စီးကရက်လည်း သောက်မလာခဲ့သည်မှာ သူ့ရဲ့မှတ်ဉာဏ်တွေထဲက ဘေဘီဟာ စီးကရက်နဲ့ဆေးခြောက်ကိုမကြိုက်မှန်း အမှတ်ရနေလို့ဖြစ်မည်။

မိုးတိတ်သွားပြီ ။
ဒါပေမဲ့ သူစောင့်နေတဲ့တစ်စုံတစ်ယောက်က ရောက်မလာသေးပါ။

"မင်း တကယ့်ကိုရူးအောင်လုပ်နိုင်သေးတာပဲ။ မုန်းလိုက်တာဘေဘီရယ်"

တစ်ကိုယ်ထဲရေရွတ်နေရင်း ကားပေါ်ကဆင်းကာ အနီးနားကိုလျှောက်ကြည့်သည်။သူကသာ မူးရူးပြီးလျှောက်သွားနေလို့ရောက်လာတာ ဒီဘက်ကဖက်ရှင်ဆိုင်တွေနဲ့ပန်းဆိုင်တွေချည်းပဲ။

Daniel KingWhere stories live. Discover now