Part-70

12.8K 430 30
                                    

Unicode

"king ... မင်းထစမ်း"

"ဘာလဲကွာ"

"ထစမ်း ... ငါ့ညီမ မရှိတော့ဘူးကွ"

"ဘာ !! "

သွေးကဒိန်းခနဲဆောင့်တတ်လာသလို ချက်ချင်းထထိုင်လိုက်မိပါ၏။ညက သူ့ရင်ဘတ်ပေါ်မှှီပြီးအိပ်ပျော်သွားတဲ့ဘေဘီက အခုဘယ်ကိုထွက်သွားလိုက်တာလည်း။

ပြာပြာသလဲဖြင့် သူထလာကာ...

"ဘေဘီဘယ်သွားတာလဲ"

" ဘယ်သိမလဲ...ဒီအခန်းထဲလည်းမရှိဘူး"

"ဟာ ! "

"အပြင်သွားရင်တောင်ငါ့ကိုပြောသင့်တာပေါ့။ အခုက ဘယ်သူမှမသိခင်ထွက်သွားတာ"

"ကလေးတစ်ယောက်လုံးအပြင်ထွက်သွားတာ
ခင်ဗျားမမြင်ဘူးလားကိုထွဋ်"

"မင်းဘိုးအေကမနက်စာသွားဝယ်ရသေးတယ်ဟ။ ကျန်ခဲ့တဲ့ကျေးက မင်းနဲ့အတူရှိနေတာပဲလေ..."

ကုတင်ပေါ်ကဆင်းကာ ရေချိုးခန်း၊အိမ်သာ တို့ထဲပြန်စစ်ကြည့်သော်လည်း ဘေဘီမရှိပေ။ ညကကိစ္စကိုစိတ်ဆိုးပြီး ထွက်သွားတာလား။
ဒါမှမဟုတ် အန္တရာယ်အပြုခံရနေတာလား ဆိုတဲ့အတွေးပေါင်းစုံကြောင့် ခြောက်ခြားလာရသည်။

အဲ့ကလေးဘယ်သွားတတ်လည်း စဉ်းစားပေမဲ့ ထူပူနေတဲ့ဦးနှောက်က ဘာတစ်ခုမှ စဉ်းစားလို့မရတော့ပေ။ဒဏ်ရာတောင် မချပ်သေးတဲ့ကလေးက စိတ်ဆိုးပြီး စိတ်ထင်ရာတွေလုပ်နေမှာစိုးရိမ်မိသည်။

"တစ်ခုခုဖြစ်နေတာတော့မဟုတ်ဘူးမလား"

"ဟာကွာ ... ရူးတော့မှာပဲ"

ကိုယ့်ဆံပင်ကိုယ်ပြန်ဆောင့်ဆွဲကာ အရူးတစ်ယောက်လို အော်ဟစ်မိ၏။ ထပ်ပြီးထွက်သွားတာတော့မဟုတ်ဘူးမလား။
သူမှားတာပါ...အားငယ်တတ်တဲ့ ဘေဘီ့အကြောင်း သိရဲ့သားနဲ့ မနေ့ညက
မပြောသင့်တဲ့စကားတွေ ပြောလိုက်မိတာ အမှားကြီးမှားသွားခဲ့ပြီ။

"ဒီဆေးရုံတစ်ဝိုက်ကိုရှာရမယ်...ဘေဘီ ဒီကလွဲပြီး ဘယ်ကိုမှသွားမှာမဟုတ်ဘူး။အိမ်မှာရော ဒီမှာမွှန်းကြပ်လို့ အိမ်ပြန်သွားတာရော မဖြစ်နိုင်ဘူးလား"

Daniel KingWhere stories live. Discover now