Part-98

11.5K 398 64
                                    

Unicode

"မင်းအခုလိုလုပ်ရပ်မျိုး ထပ်လုပ်မယ်ဆို မြန်မာပြည်ကိုမင်းရဲ့ခန္ဓာကိုယ်ပဲပြန်ရောက်သွား
မယ် အသက်တော့ပါမှာမဟုတ်တာ မင်းနားလည်ထားဘေဘီလွန်း"

"အမယ် ... ဦးကဘေဘီ့ကို ခြိမ်းခြောက်နေတာလား။ကြောက်စရာလား ဦးရဲ့။ နေပါအုံး ... ဦးပြောတော့ ဦးမှာပိုက်ဆံမရှိဘူးဆို ဒီအိမ်ကြီးကအရမ်းလှတာပဲ ...ဟိုလူတွေကရော ဘာဖြစ်လို့ သေနတ်တွေကိုင်ထားတာလဲဟင် အဲ့သေနတ်တွေက အတုတွေလား"

"အဲ့တာမင်းကိစ္စမဟုတ်ဘူး။မင်းမြင်ခဲ့သမျှ တွေ့ခဲ့သမျှတွေကလည်း မင်းနဲ့မဆိုင်ဘူး။ မင်းက ဒီနေရာမှာရှိနေရမှာမဟုတ်ဘူး ဘေဘီလွန်း"

သူ့လက်မောင်းတွေကို ခိုင်မြဲစွာကိုင်ထားတဲ့ ဘေဘီလွန်းရဲ့မျက်နှာဟာ အပြုံးတချက်ပင်
မပျက်။ မြို့ထဲကတိုက်ခန်းဆီခေါ်သွားဖို့ ပြောထားရဲ့သားနဲ့ Kingdomထိခေါ်လာတာ
ဘယ်လိုရည်ရွယ်ချက်တွေနဲ့လဲ။

"ဦးပြောနေတာတွေ ဘေဘီနားမလည်ဘူး။ သွားကျမယ်လေ...ဒီအိမ်ကလူတွေနဲ့ ဘေဘီ့ကိုမိတ်ဆက်ပေး"

" မလိုအပ်ဘူး ဘေဘီလွန်း"

"သြော် ခုနကအိမ်ဆီပြေးဝင်သွားတဲ့ကောင်မလေး။ သူကရောဘယ်သူလဲဟင်...ဘေဘီ့လို ဆံပင်အရောင်ဆိုးထားတယ်။သူက ဘေဘီ့ကိုအတုခိုးနေတယ်ထင်တယ် ဟင်းဟင်း"

"တော်စမ်း။မင်းကသာ ဘေဘီ့ကိုအတုခိုးထားတာ။ ဘေဘီက မင်းလက်လွတ်စပယ်ရှုံ့ချလို့ရတဲ့ လူစားမဟုတ်ဘူး...သူမဟာဒီအိမ်ကြီးရဲ့သခင်မ။အေး အဲ့ထပ်ရှင်းအောင်ပြောရရင် ငါ့ရဲ့သခင်မ။ငါ့ရဲ့ဇနီး ... ဒီနေရာကြီးရဲ့သခင်မ"

"ဘေဘီ ... ဇနီး ... သခင်မ ဟုတ်လား။ သြော်မှတ်မိပြီ instagramမှာ ဦးတင်ထားတဲ့ တစ်ယောက် ။ သူနဲ့ လက်မထပ်ရသေးဘူးမလား"

ဦးရဲ့igကိုမွှေနှောက်နေတဲ့ ဘေဘီလွန်းအတွက် ဦးနဲ့ထိုအမျိုးသမီးဟာ လက်မထပ်ရသေးမှန်း ထွေထွေထူးထူးစုံစမ်းစရာမလိုပါ။comment တွေကိုလိုက်ဖတ်ယုံနဲ့ ဦးတို့သူငယ်ချင်းတွေ စနောက်နေကျတာမြင်ပြီး ဦးဟာအိမ်ထောင်မရှိ သေးကြောင်း သိနိုင်သည်။

"မင်းမသိသေးဘူးထင်လို့ ငါပြောပြမယ် ဘေဘီလွန်း။သူမနာမည်က မြကျေးတမာနွယ် လွန်ခဲ့တဲ့10နှစ်ထဲက ငါ့မိန်းမဖြစ်နေပြီးသား။ အကြောင်းအမျိုးမျိုးကြောင့် လက်မထပ်ရသေးပေမဲ့ ငါတို့မှာ သားတစ်ယောက်လည်းရှိတယ်...ခုနက မင်းမြင်လိုက်ရတာ ငါ့သားပဲ"

Daniel KingWhere stories live. Discover now