Part-11

32.1K 992 19
                                    

Unicode

မနက်အိပ်ယာနိုးသည်နှင့် ပထမဆုံးလိုက်ရှာမိသူက ဘေဘီပင်။ညကဖက်ပြီးအိပ်လိုက်ပေမဲ့ မနက်ရောက်တော့ ဘေဘီကမရှိတော့သည်မို့ သူ့ရဲ့မနက်ခင်းဟာ မသာယာတော့ပါ။

"ဘေဘီ ဘယ်သွားနေပြန်တာလဲ"

ကုတင်အောက်ကျနေတဲ့အင်္ကျီကိုကောက်စွပ်ပြီး အပြင်ကိုထွက်ကာ တကြော်ကြော်အော်၏။ အိမ်ထဲတိတ်ဆိတ်နေပုံထောက်တော့ ဥယျာဉ်ထဲ ရှိမည့်ဟန်ပေါ်သည်။

"အစ်ကိုဘန်ဂျက် အကျင့်ယုတ်တာပဲ"

"ဟား ဟား ကျေးနဲ့လော့ယန်က ငတုံးလေးတွေကို"

နားစွန်နားဖျားကျလိုက်ရတဲ့အသံကြောင့် သူ့မျက်နှာကြီးမှုံကုပ်သွားရ၏။ဘန်ဂျက် လက်ထဲက နှင်းဆီပန်းပွင့်ကို လိုက်လုနေသူက ဘေဘီပင်။ ပြုံးရယ်နေလိုက်တာများ သူမြင်နေကျ ဘေဘီဟုတ်ရဲ့လားတောင် ပြန်မေးယူရတော့မည်။

"အစ်ကိုဘန်ဂျက် ဒီကိုပေးပါ"

"အဲ့တာက ဘယ်လိုဖြစ်နေကျတာလဲ"

"သခင်ကြီး ! "

"ဘေဘီ အဲ့တာဘာလုပ်နေတာလဲ"

"ပန်းခူးနေတာ"

"ပန်းခူးစရာရှားလား။အပင်မှာ အများကြီးရှိနေပါလျက် သူ့လက်ထဲက ပန်းကိုမှ လိုချင်တယ်ပေါ့"

ဒေါသကြောင့် လေသံကမာသွားသည်ထင် ဘေဘီ့မျက်နှာလေးပျက်သွားကာ သူ့ကို မော့ကြည့်လာရှာသည်။

"ငါမလိုချင်တော့ဘူး။သွားတော့မယ်"

"ဘယ်ကိုလဲ မောင်ရောက်လာတော့ ဒီနေရာမှာ မနေချင်တော့ဘူးလား"

"ဟင့်အင်း ။ အဲ့လိုမဟုတ်ဘူး"

"သခင်ကြီး ကျေးက ကိစ္စရှိလို့ပါ"

"တိတ်စမ်း။ကျေး ဟုတ်လား။သူ့ကို အဲ့လိုခေါ်ရမယ် လို့ ဘယ်သူပြောထားတာလဲ။ဒီစံအိမ်ရဲ့ သခင်မကို သခင်မလို့ပဲခေါ်ရမယ်။နာမည် ခေါ်စရာမလိုဘူး"

အသံသြသြဟာ ဒေါသကြောင့် ကျယ်လောင်နေ သလို သြဇာအပြည့်ပါနေ၏။ဘန်ဂျက်နဲ့ လော့ယန် နှစ်ဦးသား ငြိမ်သက်သွားရသလို သူ့ဘေဘီ ဆိုတာလည်း ခေါင်းငုံ့ထားလိုက်တာ ဇတ်ကျိုးကျမတတ်ဖြစ်နေသည်။

Daniel KingWhere stories live. Discover now