Part-36

22.8K 707 187
                                    

Unicode

ပယ်ပင်းဆီက ကြားရတဲ့သတင်းကို မယုံနိုင်သူက Dam King။မင်းထွဋ်ခေါင်တင်လို ကောက်ကျစ်စဉ်းလဲသူက ပယ်ပင်းတစ်ယောက်ထဲ အတွက် Kingdomနဲ့မဟာမိတ်ဖွဲ့မည်ဆိုတာ ဖြစ်နိုင်လို့လား။

"သခင်ကြီးမယုံဘူးမလား။ကျွန်တော်လည်းမယုံဘူး ဒါပေမဲ့ kingကယုံနေတော့ဘယ်လိုလုပ်မလဲ"

"မင်းထွဋ်ခေါင်တင်ကိုသတိထားပြီးစောင့်ကြည့်ရမှာပဲ။kingက မြကျေးတမာနွယ်ကြောင့် သူ့အစ်ကိုကိုယုံနေမှာပဲ"

"Kingက လွန်ခဲ့တဲ့၃နှစ်ကကိစ္စကိုလည်း သိသွားတော့ သူဘာမှမမြင်တော့ဘူး။ကျွန်တော့်အထင် မင်းထွဋ်ခေါင်တင်က အဲ့ကိစ္စကို အကြောင်းပြပြီး kingကိုချုပ်ကိုင်ထားတာ။ပြီးတော့ သခင်ကြီး သူတို့မိဘတွေကိုသတ်တဲ့ကိစ္စ..."

" သစ္စာဖောက်မို့သတ်တာပေါ့။အဲ့ကောင်ဆို ငါ့ထပ်ပိုဆိုးတဲ့နည်းနဲ့တောင်သတ်အုံးမှာ"

သခင်ကြီးပြောတာလည်းမမှားပါ Kingရဲ့ သွေးဆူပုံနဲ့ဆို ရိုးရိုးသတ်မတောင်မဟုတ်ပဲ နှိပ်စက်ပြီးအပိုင်းပိုင်းခုတ်ထစ်ကာ ကျားစာကျွေးလိမ့်မည်။

"ပယ်ပင်း... ငါခိုင်းထားတာ..."

ဒုန်း...

"နင့်မေစ*တ်"

ဧည့်ခန်းကခုံကြီးကိုမမြင်မကန်ဝင်တိုက်ကာ ဆဲဆိုရင်း သူတို့ဆီလာခဲ့သူကြောင့် သခင်ကြီးက ခေါင်းတခါခါရှိနေ၏။

"ဘယ်လိုဖြစ်လာပြန်တာလဲ"

"ပယ်ပင်းကိုကျွန်တော်ခိုင်းထားတာ ရပြီလား အား... ငါလိုး...သေပြီ သေပြီလားမသိဘူး"

"Kingရယ် မင်းဟာကလည်း"

သူချထားသည့်သေနတ်ကို ဝင်ထိုင်ပြန်၏။

"လီး...သေနတ်ကိုနေရာတကာချထားရလား"

"မင်းကမမြင်တာ"

"အဲ့တာမေးရင်း သားကိုဒယ်ဒီ့ဆီဝင်ပို့မလို့။ အတော်ပဲ ဒယ်ဒီတစ်ခါထဲခေါ်သွားလိုက်"

"မင်းက ဘယ်သွားမလို့လဲ"

"ဘေဘီ့အိမ်သွားလိုက်မလို့"

"ကလေးပါခေါ်သွားပေါ့။သူလည်း သူ့အမေနဲ့ တွေ့ချင်ရှာမှာ"

"လုပ်ပြီ။ဒီလိုအချိန်အခါမှာ သားကို ဒယ်ဒီတို့က ထိမ်းပေးသင့်တာ"

Daniel KingWhere stories live. Discover now