Part-90

11.1K 377 19
                                    

Unicode

"ဒီစပျစ်သီးတွေက ဝိုင်အတွက်သုံးမယ်ပေါ့။ ခြံကတော်တော်ကျယ်တာပဲဗျ"

"ကျေးက ဒီကိုလာလည်တော့ အသီးတွေကို သဘောကျနေတာ။နောက်ရက်ကျရင် ခေါ်လာခဲ့လေ ... သူကတော့ ဒီမှာနေချင်တယ်လို့ ပြောဖူးသေးတယ်"

"ဟုတ်လား...ဒါဖြင့် ကျွန်တော့်ကိုဒီခြံ ပြန်ရောင်းလိုက်လေ"

ခူးထားတဲ့စပျစ်သီးကို ပါးစပ်ထဲကောက်ထည့်ရင်း မျက်စပစ်ကာပြောလိုက်သည်။အင်တင်တင်ဖြစ်သွားတဲ့ မျက်နှာအမူအရာတွေနဲ့ ခြံပိုင်ရှင်လင်မယားနှစ်ယောက်ဟာ မရောင်းချင်မှန်းသိသာပါ၏။

"လိမ္မော်သီးများများထည့်ပေးနော် ကျွန်တော့်မိန်းမကြိုက်တယ်"

"အများကြီးပိုထည့်ပေးလိုက်မယ်"

"ထည့်သာထည့်"

အသီးလာဝယ်တာဆိုပေမဲ့ လက်ဆောင်ထည့်ပေးတဲ့အသီးအနှံတွေက ခပ်များများဖြစ်ကာ သူယူလာတဲ့ ခြင်းထဲ အပြည့်ဖြစ်နေသည်။ဒါ့အပြင် ကောက်စားပြီးသည့် စပျစ်သီးတွေနဲ့ အခုတောင် ခြင်းတောင်းတွေထဲက ပန်းသီးတစ်လုံးကို ယူကာ အင်္ကျီနဲ့ဖြစ်သလိုသုတ်ပြီး ကိုက်စားနေ၏။

"အများကြီး ပိုထည့်ပေးလိုက်တယ်နော် king"

"ကျေးဇူးပါဗျာ ... ဒါဆို ကျွန်တော်ပြန်အုံးမယ်"

ဦးထုပ်အဝိုင်းကို ဘေးနှစ်ဖက်လိပ်ဆောင်းလျက် လည်ရှည်ဖိနပ်နဲ့သူက ကောင်းဘွိုင်လိုလိုပင်။ ဟိုဘက်ခြံက နို့စားနွားတွေဟာလည်း မြက်ခင်းစိမ်းစိမ်းမှာ ကျက်စားနေကျသလို တိုက်ခတ်လာတဲ့ လေထုအေးအေးလေး၌ သူတို့ခြံထဲက ပန်းရနံ့တို့ဟာ သင်းပျံ့နေသည်။အခုချိန်မျိုးမှာသာ ဘေဘီနဲ့အတူ လက်တွဲပြီး လမ်းလျှောက်ရရင်ဖြင့် ... ဘယ်အထိ ကြည်နှုးဖို့ ကောင်းလိမ့်မည်နည်း။

"ပါပါး မြန်မြန်လာ။ဖုန်းလာနေတယ်"

ခြံအဝကသားရဲ့အသံကြောင့် ခြေလှမ်းတို့ကို အရှိန်တင်လိုက်သည်။

"Kun တဲ့။ အရေးကြီးတယ်လို့ပြောတယ်"

တြာ့လက်ထဲကဖုန်းကိုယူလိုက်သည်။ Joeနဲ့ ပတ်သက်ပြီး Kunကို စုံစမ်းခိုင်းထားသည်မို့ သူဆက်သွယ်စရာကိစ္စက ဒါတစ်ခုထဲပဲ။

Daniel KingWhere stories live. Discover now