Part-82

10.1K 347 57
                                    

Unicode

ဒီဇိုင်းနာတစ်ယောက်ဖြစ်သည့်တိုင် လိုအပ်ချက်
များစွာရှိနေတဲ့ကျေးက အစ်မဝမ်မိတ်ဆက်ပေးတဲ့ဆရာဆီ သင်တန်းထပ်တတ်ရမည်။သို့တိုင် သင်တန်းကတောင်ဘက်နယ်မြေထဲမှာမို့ မောင့်ဆီခွင့်တောင်းဖို့က လွယ်တဲ့ကိစ္စမဟုတ်ပါဘူး။

အခန်းရှေ့ရပ်၍ ပြောသင့်မပြောသင့်တွေဝေနေလို့ ပဲ ခေါင်းကတရိပ်ရိပ်မူးလာလေသလား။ စိုးရိမ်လွန်းလို့ ဇောချွေးပျံလာသည်။

အခန်းထဲတွင်လည်း အံကိုတင်းတင်းကြိတ်လျက် ဓားမြောင်ကို ဝေ့ယမ်းကာ ဒေါသဖြေနေတဲ့ king...

"Jamesunကို ချီးကျူးမိတဲ့ငါ့ပါးစပ်ကိုသာ ဖြတ်ရိုက်လိုက်ချင်တယ်။တရားဝင်စစ်ပွဲခေါ်ပြီး ကြေးစားငှားတဲ့အထိ သတ္တိကြောင်မယ်လို့ ဘယ်သူကထင်မှာလဲ"

မချင့်မရဲထွက်လာတဲ့ ထွဋ်ရဲ့အသံမှာလည်း ဒေါသကြောင့် အက်ကွဲကွဲနိုင်လွန်းလှသည်။

"ငါတို့ Kingdomမှာလူမရှိဘူးဆိုပြီး အန်ကယ့်ကိုပစ်မှတ်ထားတာပေါ့။သူတို့ကတော့ တရားတဲ့နည်းနဲ့ပဲဖြစ်ဖြစ် မတရားတဲ့နည်းနဲ့ပဲ ဖြစ်ဖြစ် Kingdomနဲ့The Kingကို တိုက်ခိုက်နေမှာပဲ"

ပယ်ပင်းရဲ့မှတ်ချက်ကို ဘယ်သူကမှ တုံ့ပြန်မလာပဲ အခန်းတစ်ခုလုံးတိတ်ဆိတ်နေသည်။ ဘန်ဂျက်နဲ့လော့ယန်ကလည်း ပယ်ပင်းစကားကို ထောက်ခံသည့်နှယ် ခေါင်းငြိမ့်၍သာနေ၏။

"လူကောင်းလို့ခံယူထားပြီး လူယုတ်မာဖြစ်နေတဲ့ အာဏာပိုင်အဖွဲ့အစည်းက ဘယ်လိုနည်းလမ်းနဲ့ ထိုးနှက်လာမယ်ဆိုတာ တရားသေမှတ်ယူမရဘူး"

"ငါတို့ဘက်က ဘယ်လိုတုံ့ပြန်ဖို့ အစီအစဉ်ရှိလည်းking"

"ငါကလူကောင်းမဟုတ်သည့်တိုင် လူယုတ်မာလည်း မဟုတ်ဘူး"

"ဒါဆို..."

"သူတို့ဘက်ကအခြေအနေကို ထပ်ပြီး စောင့်ကြည့်ရမယ်။အားနက်ချက်ကိုသိမှ တစ်ခါထဲ
အလှဲထိုးဖို့လွယ်မှာ"

ပြတင်းပေါက်ကိုမျက်နှာမူထားရာမှ လှည့်ကာ ဓားမြောင်ကို စက်ဝိုင်းဆီပစ်လိုက်၏။

ဒုတ် ...

"အား အမလေး ! "

သူ့ရဲ့ပစ်ချက်က အခန်းထဲဝင်လာတဲ့ ဘေဘီ့ပါးပြင်နားမှ နားဆွဲကိုတိုက်ကာ ပစ်မှတ်စက်ဝိုင်းဆီရောက်သွားသည်။

Daniel KingWhere stories live. Discover now