Part-43

19.1K 628 177
                                    

Unicode

"ဘယ်လိုလဲ ပယ်ပင်း။ဒေးဗစ်သတင်းရခဲ့လား"

ခရီးရောက်မဆိုက်မေးလာတဲ့မေးခွန်းကို မဖြေချင်တဲ့ ပယ်ပင်းက သက်ပျဉ်းချရင်း ထွဋ်ရဲ့ဘေးမှာဝင်ထိုင်သည်။

"ပယ်ပင်း ဘာတဲ့လဲလို့"

"ဒေးဗစ်ကို ဒီကထောင်မှာမထားဘူး"

"အဲ့တာဆို သူဘယ်မှာလဲ"

"ငါလည်းမသိဘူး။ကန်ဒေးဗစ်ရဲ့သတင်းနဲ့ အချက်အလက်တွေ အကုန်ပျောက်နေတယ် ။ သူ့ကိုဖမ်းသွားပြီး နောက်နေ့ကစလို့ မှတ်တမ်းတွေဘာမှမရှိတော့ဘူး"

"ဟာ  ခက်တာပါပဲ"

စိတ်ရှုပ်လွန်းလို့ ဆံပင်တွေကိုထိုးဖွပစ်လိုက်သည်။ ဘေးမှာထိုင်နေတဲ့ ပယ်ပင်းကို မကျေနပ်သလို ကြည့်ရင်း ဝရံတာဘက်ကိုလျှောက်လာကာ ခါးထောက်ရင်း ရပ်နေမိ၏။

သူထင်ထားသလို ဒေးဗစ်ကိုသတ်ပစ်လိုက်တာ မဟုတ်ဖို့ရန်ဆုတောင်းနေပေမဲ့ ထိုဆုတောင်းတို့ မပြည့်တော့ဘူးလား။

"မင်း စိတ်မပူပါနဲ့။ဒေးဗစ်ကို အပြင်ရောက်အောင် ငါတို့တာဝန်ယူမှာပါ"

"သူ သေသွားရင်ရော။မင်းတို့ ဘာတာဝန်ယူပေးနိုင်မှာလဲ"

"သူမသေပါဘူး"

"အာဏာပိုင်က မင်းပထွေးမို့ အခုလိုတပ်အပ်ပြောရဲတာလား"

ဒေါသတကြီးဖြစ်နေတဲ့ ထွဋ်ရဲ့ပခုံးပေါ် လက်တင်ကာ...

"ငါ့ပထွေးတော့မဟုတ်ပေမဲ့ မသတ်ဘူးလို့တော့ တပ်အပ်ပြောရဲတယ်"

သူပြောလိုက်ပေမဲ့ ထိုစကားတို့ကို နားမဝင်တော့သည့် ထွဋ်က လက်ကိုဖယ်ချ၏။

"ကျွတ် ဖယ်စမ်းပါ"

"ဘာဖြစ်လို့ အဲ့လောက်ထိဒေါသကြီးနေတာလဲ။ ကန်ဒေးဗစ် ဘာမှမဖြစ်စေရဘူးလို့ ငါအာမခံနေတယ်လေ"

"kingကတောင် အဖက်မလုပ်တော့တဲ့ ဒေးဗစ်ကို မင်းကအာမခံတယ်ပေါ့။ငါမယုံဘူး ပယ်ပင်း။ မင်းဆိုတဲ့အကောင်က kingရဲ့စကားတစ်ခွန်းပဲ နားဝင်တဲ့အကောင်"

"ငါ့ကို အကောင် အကောင်နဲ့ပြောစရာမလိုဘူး ထွဋ်။မင်းလူကို ငါရအောင်ကယ်ပေးမယ်။ အဲ့လောက်ထိ ဒေါသထွက်စရာမလိုဘူး"

Daniel KingWhere stories live. Discover now