Part-86

8.9K 361 70
                                    

Unicode

ပုံမှန်ဆိုတိတ်ဆိတ်လွန်းသည့် Kingdomဟာ ယနေ့ညတွင်တော့ မီးရောင်စုံနှင့်သီချင်းသံများ ကြောင့် ဆူညံနေသည်။ဂိုဏ်းသားထောင်ချီရှိသည့် KDပေမို့ ညစာစားပွဲကြီးဟာ တခမ်းတနားဖြစ်၍ သခင်မလေး၏ ဒုတိယကိုယ်ဝန်အတွက် ဂုဏ်ပြုနေကျပေမဲ့ ယခုအချိန်ထိ အရက်တစ်ငုံမှ မသောက်ရသေးပဲ ငုပ်တုပ်ထိုင်ကြည့်နေရသူက တကယ့်အောင်ပွဲခံရမည့်သူ Daniel Kingပင်။

"ဘေဘီ မသောက်ရဘူးနော်။ သောက်ရင် မင်းနဲ့မောင်နဲ့တွေ့မယ်"

"အင်းပါ"

အင်းပါဆိုပေမဲ့ ပြုံးစိစိမျက်နှာလေးက ဘာတွေကြံစည်နေမှန်းမသိပါ။

"သောက်ရင်ရိုက်မှာနော်။အပြောပဲမဟုတ်ဘူး လက်တွေ့လုပ်မှာ ... ဘယ်လိုဟာလေးမှန်းလဲ
မသိပါဘူး ဒီအရက်နဲ့တွေ့ရင် ထိမ်းမရပြုမရလေး"

ဘေဘီက ခေါင်းကိုဆက်တိုက်ငြိမ့်နေပေမဲ့ ဒါကိုယုံကြည်လိုက်လို့မဖြစ်ပါဘူး။ မထင်ရင်မထင်သလို လက်မြန်ခြေမြန်နဲ့ ကောက်မော့လိုက်မှ အကုန်ငါးပါးမောက်နေမှာ စိုးရိမ်တာမို့ ဘေဘီ့ဆီကနေ အကြည့်မလွဲရဲတော့။

သူစိုက်ကြည့်နေစဉ် ဘေဘီကလည်း မျက်လုံးလေး ထောင့်ကပ်၍ သူ့ကိုချောင်းကြည့်နေ၏။ လစ်တာနဲ့ အရှေ့က ဝိုင်ခွက်ကို ကောက်မော့တော့မယ်ဆိုတာ တပ်အပ်သိသည်။

"မောင် ... ဟီးး နင်က ငါ့ကိုဘာဖြစ်လို့ ကြည့်နေတာလဲ"

"ဘာလဲ သူခိုးလူမိမှာကြောက်နေတာလား အရက်သမား"

"ဟာ မောင်ကလဲ။ငါအရက်မသောက်ပါဘူး"

"အရက်တွေမူးအောင်သောက်ခဲ့ပြီး လင်ရောသားရောမေ့နေတာ ဘယ်တုန်းကလဲ မြကျေးတမာနွယ်။အခုတောင် မင်း ငါလစ်ရင် ကောက်မော့မလို့ လက်ရွယ်နေတာမလား။ မသောက်ရဘူး အထဲမှာရှိနေတာ ကလေးလေး"

"ဟင် ! သူများတွေတောင် မသိပဲ သောက်မိတာရှိသေးတဲ့ဟာကို"

"အေး အဲ့တာသူများတွေ။မင်းက မြကျေးတမာနွယ် မတူဘူး မင်းကချူချာလွန်းလို့"

ဟုတ်နေတော့ သူမကပြုံးစိစိဖြင့် ခေါင်းငုံ့သွားခဲ့သည်။

"ဟေ့ ဒီနားက ဝိုင်တွေ ဘီယာပုလင်းတွေ အကုန်ရွေ့စမ်း"

Daniel KingWhere stories live. Discover now