Part-78

10.4K 404 52
                                    

Unicode

"ဟယ်လို"

"ဟေ့ကောင် ဘုရင်။မင်းလည်း ပြင်သစ်ရောက်သွားတာနဲ့ ဖအေတောင်မေ့တယ်"

ဘုရင်ကရေချိုးနေတဲ့အချိန် သူ့ဖုန်းက ၃ကြိမ်တိတိ ဝင်နေသည်မို့ ကျေးလာကိုင်ပေးခြင်းသာ။အရင်ကဆို ဘုရင်ကိုယ်တိုင်က သူ့ဖုန်းကို လက်လွတ်စဖယ်ထားတတ်သူမဟုတ်ပါ။သို့ပေမဲ့ အခုဖအေဆိုသောသူက အန်ကယ်ဟုတ်မနေသလို ရင်းနှီးတဲ့အသံဟုတ်မဟုတ်။

"ဟယ်လို ... ညဘုရင်ရဲ့ ဖုန်းဟုတ်တယ်မလား"

"ဟို ... ဘုရင်တော့ဟုတ်ပါတယ်။ ဒါပေမဲ့ ဘယ်ဘုရင်ကိုပြောနေတာလဲမသိဘူးနော်။ အန်ကယ့်ကို ကျွန်မမသိဘူးရှင့်"

ဆို၍ ဖုန်းကိုချပစ်လိုက်စဉ် ဘုရင်က ရေချိုးခန်းထဲက ထွက်လာသည်။

ခေါင်းမှာစိုနေတဲ့ရေတွေကိုသုတ်ရင်း အပြင်ထွက်လာသည်နှင့် သူအရင်ဆုံးလိုက်ရှာတာ ဘေဘီ့ကို။ရေမကူးတတ်တဲ့ကောင်မလေးက ရေထပ်ကူးနေရင် သောက်ကျိုးနည်းကုန်လိမ့်မည်။

ထို့တိုင် သူထင်ထားသလိုမဟုတ်ပဲ ဘေဘီ့က ခုံပေါ်တင်ထားတဲ့သူ့ဖုန်းကိုကြည့်၍ တွေတွေလေးရပ်နေ၏။

"ကလေးလေး...ဘာတွေကြည့်နေတာလဲ။ မောင့်ဖုန်းက မောင့်ထပ်ပိုပြီး စိတ်ဝင်စားစရာတွေရှိနေလို့လား"

"ဖုန်းဆက်လာတယ်လေ"

"ဘေဘီကိုင်လိုက်တာလား"

"ညဘုရင်တဲ့"

"သြော် အန်ကယ်နေ့သစ်လင်းပဲ။ သူဘာပြောသွားသေးလဲ"

"လူစိမ်းထင်လို့...ငါဖုန်းချလိုက်မိတယ်။ sorryပါနော် တကယ်တောင်းပန်ပါတယ်"

"မဟုတ်တာ။သူ့ကိုဘေဘီမသိတော့ လူစိမ်းပဲ။ ဘေဘီမမှားဘူးနော်...ဘေဘီမှန်တယ်"

နှုတ်ခမ်းလေးတွေမဲ့ကာ ငိုတော့မယောင်ဖြစ်နေတဲ့ မျက်နှာလေးကို အုပ်ကိုင်သည်။ကလေးတစ်ယောက်ကိုကြည့်သလို အသည်းယားစွာဖြင့် ခပ်ပြုံးပြုံးကြည့်ရင်း...

"ဒီလောက်လေးနဲ့မငိုပါနဲ့ဘေဘီရဲ့။ မောင့်ဘက်ကပြန်ခေါ်လိုက်ရင်ရပြီလေ"

"သူက မောင့်ကိုပြန်ခေါ်မလို့ထင်တယ်"

"မခေါ်ပါဘူး။ခေါ်လည်း မောင်သွားချင်မှကို။ သူက 'ဟဲ့ကောင်လာစမ်း'ဆိုတိုင်းသွားရအောင် မောင်ကစကားနားထောင်တဲ့ အလိမ္မာလေးမှ မဟုတ်တာ။ဘေဘီ ထိုင်နေအုံးနော် မောင်ဖုန်းပြန်ဆက်လိုက်အုံးမယ်"

Daniel KingWhere stories live. Discover now