Part-38

19.8K 679 119
                                    

Unicode

ဆိုဖာပေါ်မှီ၍ခြေထောက်တစ်ဖက်ချိတ်ထိုင်နေတဲ့ ကလေးက လော့ယန်ကိုကြည့်နေပုံမှာ တရားခံတစ်ယောက်ကိုစစ်မေးနေတာနဲ့ပင် တူနေသေးသည်။ကျေး သေနတ်မှန်တဲ့ကိစ္စ တြာ့အားအသိမပေးခဲ့ပေမယ့် ဖုန်းပြောနေသည်ကို ကြားသွားသည့် တြာက လော့ယန်ကို အတင်းမေးတော့သည်။

ငိုသလားဆိုတော့ မငိုပါဘူး။လော့ယန်ရဲ့ သေနတ်ကိုတော့လုယူထားသည်။

"သား တြာလေး။အန်တီ့ကိုသေနတ်ပြန်ပေးနော် အန္တရာယ်များတယ်"

"မာမားကသေနတ်မှန်ထားတာ ။ မာမားဆီသွားချင်တယ် လိုက်ပို့ပေး"

"မဟုတ်ပါဘူး။သားရဲ့မာမားနဲ့ပါပါးက ခရီးထွက်သွားတာပါ"

"လော့ယန်လိမ်တယ်"

"မလိမ်ဘူးပါဆို ဒီကလေး။သားမယုံရင် ဦးဦးဘန်ဂျက်ကိုသွားမေးလေ"

"လော့ယန်လိုပဲ ဦးဦးကလည်းလိမ်မှာ။သားကိုမလိမ်တာပါပါးနဲ့မာမားပဲရှိတယ် ။ မတွေ့ရရင် ပါပါးကိုဖုန်းဆက်ပေး"

လက်ပိုက်၍ မျက်နှာလေးမော့ကာမော့ကာ ပြောနေတဲ့တြာကြောင့်လော့ယန်အကျပ်ရိုက်ရ၏။

သခင်ကြီးကလည်း ကျေးကိုအနှောင့်အယှက်မဖြစ်စေဖို့ မဆက်သွယ်ရန်မှာထားခဲ့သည်။

"လော့ယန် သားသေနတ်နဲ့ပစ်သတ်လိုက်ရမှာလား"

"ဟုတ်ပါပြီ။ဖုန်းဆက်ပေးရင် ရပြီလား"

"ဟုတ်ကဲ့"

လော့ယန်လိမ်နေတယ်ပဲထင်နေတဲ့ တြာက ဖုန်းနံပါတ်ရိုက်ထည့်သည်ကိုပဲ သေချာလိုက်ကြည့်နေသေးသည်။ တစ်ဖက်က ဖုန်းချက်ချင်းဝင်သွားမှ မျက်နှာလေးပြုံးလာ၏။

"လော့ယန် အရေးကြီးလို့လား"

"တြာလေး..."

"ဘာဖြစ်လဲ သားသားနေမကောင်းဘူးလား။ ဘယ်နေရာကဘာဖြစ်တာလဲ"

"အဲ့လိုမဟုတ်ပါဘူး။တြာက သခင်ကြီးကို မေးစရာရှိလို့တဲ့"

"သိသွားတာလား"

"ဟုတ်ကဲ့"

"ကျစ်  "

သားငိုနေမှာကြောင့်မပြောကာမှ သိသွားပြီဆိုတာမို့ ဘုရင်စုတ်သပ်လိုက်သည်။ထိုစဉ်မှာပဲ တဖက်က သားရဲ့ငိုမဲ့မဲ့လေးအသံလေးထွက်လာ၏။

Daniel KingWhere stories live. Discover now