Part-54

14.4K 562 161
                                    

Unicode

ရာသီဥတုအပြောင်းအလဲဖြစ်သည့်အလျောက် ဦးနေ့သစ်လင်း၏ပုဂ္ဂလိကဆေးရုံဟာ နာမကျန်းသည့် လူနာများနှင့် ပြည့်နှက်နေသည်။

သို့ပေမဲ့ ဆရာဝန်ကြီးမှာတော့ လူနာတွေဆီ အာရုံအပြည့်မရောက်နိုင်ပဲ နာရီတကြည့်ကြည့်နှင့် တစ်စုံတစ်ယောက်ပြန်လာမှာကို မျှော်နေ၏။

ဒါပေသိ များပြားတဲ့လူနာတွေသာကုန်သွားတယ် ဦးနေ့သစ်လင်းစောင့်နေသူမှာ အခုထိ ပေါ်မလာခဲ့သေးပါ။

"တေးသစ် ... မင်းအစ်ကိုလေးဘယ်မှာလဲ"

"ဗျာ ... အစ်ကိုလေးလား"

အထစ်ထစ်အငေါ့ငေါ့ဖြစ်နေတဲ့ တဖက်က ဖုန်းဖြေသံကို မလိုမကျမိပါ။

"အေး အဲ့ကောင်ဘယ်မှာလဲ"

"ဟို ... ဟိုလေ ။ဆရာ"

"ဘာဖြစ်လဲ "

"အစ်ကိုလေးက အခုအချုပ်ခန်းထဲမှာပါ"

"ဘာကွ "

"ဟို ... အဲ့တာ ဆရာစိတ်တိုမှာဆိုးလို့"

"မြန်မာပြည်ပြန်ရောက်ရောက်ချင်း အချုပ်ခန်းထဲ တန်းရောက်တယ်။ကြားလို့မှ ကောင်းကျသေးရဲ့လား"

"ကောင်းပါတယ်ဆရာရယ်။ကောင်းကို ကောင်းလွန်းနေပါတယ်။အဲ့လိုကောင်းတာတွေ အသာထားပြီး အခု အစ်ကိုလေးဆီ လိုက်သွားပါအုံးဗျာ ။ "

စိတ်ပျက်စွာဖြင့် နက်ခ်တိုင်ကို ဖြေလျော့လိုက်မိသည်။ သူ့လို နှလုံးအထူးကု ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့သားက ခဏတိုင်းလိုလို ရဲစခန်းရောက်နေတာ သူ့အတွက်တော့ မျက်နှာပျက်စရာပင်။

"ဆရာ"

"မင်းကအခုဘယ်မှာလဲ"

"ဟို ကျွန်တော်ကလေဆိပ်မှာပဲရှိသေးတယ်။ ရောက်ရောက်ချင်း စခန်းက ဖုန်းရလို့"

သားတစ်ယောက်ဆိုသည့်အလျောက် ထိုသားက သူ့ကို မပျင်းအောင်ထားသည်။ ပြဿနာ ဖြစ်ပြီတဲ့ဆို ဘယ်သူလည်း နှစ်ခါမမေးရ အဲ့တာ 'ညဘုရင်'ပဲ။ ကောင်မလေးကို နမ်းဖို့လုပ်လို့ စခန်းရောက်ရတာတွေ၊သူများကောင်မလေးကို ပေါ်တင်သွားကြောင်တာတွေဟာ သားတော်မောင်ရဲ့ ထူးခြားစွမ်းရည်တွေပါပင်။

Daniel KingWhere stories live. Discover now