Part-22

21.1K 631 110
                                    

Unicode

သူ့ရင်ခွင်ထဲထည့်သိပ်ထားတဲ့ကလေးက ကိုယ်တွေပူလာသည်။မျက်နှာလေးတစ်ခုလုံး နီရဲကာ ခပ်တိုးတိုးညည်းသံလေးထွက်နေသည်မို့ သူ့စိတ်တွေထူပူလာ၏။

"မောင့်ဘေဘီ နေမကောင်းမဖြစ်နဲ့နော်။ မောင့်ကလေး ဘာမှမဖြစ်ရဘူး"

ပူနွေးနေတဲ့ဘေဘီ့ပါးပြင်နှင့် သူ့မျက်နှာကပ် ထားကာ တင်းကျပ်နေအောင်ဖက်ထားမိသည်။

"သား ... သူ့ကိုကုသပေးဖို့ဆရာဝန်ပါလာတယ် မင်းဖယ်ပေးလိုက်အုံး"

"မဖယ်ဘူး။ဒါ ကျွန်တော့်ကလေး ဘယ်သူ့မှမပေးနိုင်ဘူး"

"ဟုတ်ပါတယ် မင်းကလေးပါ။ဒါပေမဲ့ နေမှမကောင်းတာ ဆေးကုရမှာပေါ့။ဆေးမကုလို့ သူသေသွားရင် ဘယ်လိုလုပ်မလဲ"

"ဒယ်ဒီ..."

ကျယ်လောင်တဲ့အသံကြီးကြောင့် သူ့ရင်ခွင်ထဲက အနှီလူသားလေးမှာ လန့်သွားသည့်ဟန်ဖြင့် သူ့ရင်ခွင်ထဲပိုတိုးဝင်လာ၏။

"ကြည့် လန့်သွားပြီ"

"အခုထက်ပိုဆိုးလာတာမြင်ချင်လို့လား။ဆေးကုပေးလိုက်ပါသားရယ်"

"ဒယ်ဒီ့လူက ဘေဘီချက်ချင်းပျောက်အောင် ကုပေးနိုင်ပါ့မလား"

"ဆရာဝန်နဲ့ဆေးကုတာပဲ နတ်ဆေးဆရာနဲ့ ကုတာမှမဟုတ်တာ ဘယ်လိုလုပ်ပြီး ချက်ချင်းသက်သာပါ့မလဲ။အခုကု အခုပျောက်ဆိုရင် အသက်ပဲပျောက်အောင် ကုလို့ရမယ်"

Dam သခင်ကြီး၏ ခပ်ထေ့ထေ့စကားကြောင့် ဆရာဝန်မလေးမျက်နှာပျက်သွားသည်ကို ဘုရင်ကမြင်ဖြစ်အောင်မြင်လိုက်သေးသည်။ ဒီတစ်ယောက်က သူ့ဘေဘီကိုပျောက်အောင် ကုသပေးနိုင်ပါ့မလားဆိုတဲ့ သံသယစိတ်က ပိုတိုးလာကာ ဘေဘီ့ကိုတအားဖက်ထားလိုက်သည်။

ဤသည်ကိုသတိထားမိသည့်ပယ်ပင်းက...

"king ... လွတ်ပေးလိုက်ပါအုံး သူဆေးကုမှဖြစ်မယ်။မဟုတ်ရင် ခြေထောက်ကဒဏ်ရာပိုဆိုးပြီး သူ့ခြေထောက်တွေဖြတ်ပစ်ရလိမ့်မယ်နော်"

"အဲ့ဒီတော့"

"သူ့ခြေထောက်တွေမရှိတော့ရင်..."

"ဘာလဲ မင်းက ဘေဘီ့ခြေထောက်တွေမရှိရင် ငါမချစ်တော့ဘူး ထင်နေတာလား။ငါ့ရင်ကိုစုံကန်တဲ့ အဲ့ဒီခြေထောက်တွေမရှိရင် ငါကပိုပျော်တာပဲ"

Daniel KingWhere stories live. Discover now