Part-14

29K 958 132
                                    

Unicode

အရင်ညတွေဆို တရေးနိုးသည့်အချိန်တိုင်း လူတစ်ယောက်ရဲ့ရင်ခွင်ထဲ၌ မွန်းကြပ်စွာနိုးထလာရသည်ချည်းသာ။ယခုညတော့ ထိုသို့မဟုတ်တော့။ပျင်းရိစွာဖြင့် လက်နှစ်ဖက်ကိုဆန့်တန်းနိုင်လေသည်။

ဟင်း...

ပျင်းရိစွာညည်းညူလိုက်ပြီး မျက်လုံးဖွင့်လိုက်၏။

"အမလေး ! နင်ဘယ်လိုလုပ်ပြီး"

ကုတင်ဘေးက ခုံမှာမေးထောက်ထိုင်နေသူက အလန့်တကြားဖြစ်သွားတဲ့ ကျေးကိုပြုံးလျက်စိုက်ကြည့်ကာ...

"ရေသောက်မလို့လား"

"နင် ဘယ်အချိန်ထဲကရောက်နေတာလဲ"

"9နာရီခွဲ။ဘေဘီအိပ်နေတာ ချစ်စရာကောင်းလို့ မောင်ကြည့်နေတာ"

ဒါဆို ကျေးစအိပ်ပြီးသိပ်မကြာခင်မှာပဲ သူရောက်လာတာပေါ့။ကျေးက အအိပ်ကြမ်းသူတစ်ယောက် အိပ်ယာအနှံ့လူးလိမ့်ကာ ဝတ်ထားတဲ့အင်္ကျီဆို တခါတလေ အပေါ်လိပ်တတ်သည်အထိ အိပ်တတ်သူပင်။

"နင်ဘာမြင်သေးလဲ"

"ဟင် ... မောင်ကဘာမြင်ရမှာလဲ"

" ဘာမှမဟုတ်တော့ဘူး"

နှုတ်ခမ်းဆူပြီး တဖက်လှည့်သွားတဲ့မျက်နှာလေးကို သူလိုက်ကြည့်ကာ ဘေဘီ့ပါးနှစ်ဖက်ကို ဖျစ်ညစ်လိုက်၏။သူရောက်လာထဲက ထိုင်ပြီး တစိမ့်စိမ့်ကြည့်နေတာတောင် ရိုးအီသွားခြင်းမရှိ။ သူ့ဘေဘီက ဘယ်လိုကြည့်ကြည့် ကြည့်မဝလေး။

"ရေသောက်မလို့မလား။မောင်ယူပေးမယ်"

"မဟုတ်ဘူး"

"ဒါဆို အိမ်သာ"

"အင်း"

"မောင်လိုက်ပို့မယ်"

"မလိုက်ပါနဲ့ နင်ကဘာလိုက်လုပ်မှာလဲ"

" စိတ်မချလို့"

ထိုစကားကြောင့် မချိပြုံးကြီးပြုံးမိသည်က ကျေးဖြစ်၏။ကျေး စိတ်ချမ်းသာအောင် အတူဖက်မအိပ်လာပေမဲ့ ဘေးမှာထိုင်ကြည့်နေတာ ဘယ်လောက်ထိ စိတ်ရှုပ်ဖို့ကောင်းလည်းဆိုတာ အရိုင်းအစိုင်းကောင်က ဘယ်သိမလဲ။

"မလိုက်နဲ့နော်"

"လိုက်မယ်။လာ လာ မောင်နဲ့ငြင်းနေတာနဲ့ပဲ အိပ်ယာထဲရှုးထွက်ကျအုံးမယ်"

Daniel KingWhere stories live. Discover now