Part-16

26.1K 838 182
                                    

Unicode

"နင်ပဲ ငါ့ကိုချစ်တယ်ဆို ဘုရင်။ငါ့ကိုချစ်ရင် ငါတောင်းဆိုတာလုပ်ပေးရမယ်လေ။ငါ့မှာ မိသားစုဆိုလို့ သူတို့ပဲကျန်တော့တာမလို့ သူ့ကိုငါကယ်ချင်တယ်"

ပြောနေရင်းဖြင့် အသံလေးတွေတုန်ဝင်ကာ ဒူးထောက်ထိုင်ချရင်း မျက်ရည်တို့ကျလာတော့ သူ့နှလုံးသားက ဘယ်လိုမှ သည်းခံနိုင်စွမ်းမရှိတော့ပါ။ နဖူးပေါ်ဝဲကျနေတဲ့ ခပ်ပျော့ပျော့ဆံနွယ်လေးတွေကို အသာအယာသပ်တင်ပေးလိုက်ပြီး...

"မငိုပါနဲ့။ဘာဖြစ်လို့ အဲ့လောက်ထိငိုနေရတာလဲ။ဘေဘီငိုတာ မောင်မကြိုက်ဘူးလေ။ဒီနေရာက နာတယ် သိရဲ့လား"

ဝဲဘက်ရင်အုံပေါ်လက်တင်ပေးလိုက်တော့ သူ့ရင်ခွင်ထဲခေါင်းတိုးဝင်လာကာ မြစိမ်းရောင်သွေးကြောလေးတွေထင်းနေတဲ့ လက်ကလေးတွေကလည်း သူ့ခါးကိုဖက်တွယ်၏။

"ငါ့ကိုကူညီပါ။နွယ့်ကိုကယ်ပေးပါနော် သူက ငါ့ညီမပါ"

"ဘေဘီရယ်"

မျှော်လင့်ချက်အပြည့်နဲ့ မျက်ဝန်းနက်နက်လေးတွေက သူ့ဆီကြည့်နေကာ တစ်စုံတစ်ခုကို မျှော်လင့်နေရှာသည်။ သူလည်း ဘေဘီ့ဆီက နားလည်မှုကိုမျှော်လင့်ရင်း တမေ့တမောငေးကြည့်နေမိကာ နဖူးလေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။

"ဘုရင် နင် ကူညီမယ်မလားဟင်"

ဘေဘီ့မေးခွန်းကို နှုတ်ကမဖြေနိုင်ပါ သူငြိမ်သက်စွာဖြင့်ပင် ခေါင်းခါလိုက်၏။

"နင်မကူညီနိုင်ဘူးပေါ့"

"မောင်ပြောတာကို နားလည်ဘေဘီ။ဒါ အကုန်လုံးရဲ့ အသက်နဲ့ဆိုင်နေတယ်။သူတို့သာ လက်နက်တွေရသွားရင် မောင်တို့ အဖွဲ့အစည်းတင်မကဘူး လမ်းဘေးက လူမိုက်ပေါက်စတွေဘဝအတွက်ပါ အာမခံချက်မရှိဘူး။ပြီးတော့ ဒီနယ်မြေက အမျိုးသမီးတွေကိုရော ဘယ်သူကာကွယ်မှာလဲ ဘေဘီလား။ဒီကိစ္စကို ဘေဘီလည်းမတတ်နိုင်ဘူး မောင်လည်းမတတ်နိုင်ဘူး"

"အား ... ငါဘာမှမသိချင်ဘူး ကြားလည်းမကြားချင်ဘူး ။ မပြောနဲ့"

နားနှစ်ဖက်ကိုပိတ်ကာ ထိုင်ချရင်း သူ့စကားတွေကို မကြားချင်ဟန်ပြပေမဲ့ သူလက်မလျော့သေးပါ။ ဘေဘီ့ပါးပြင်ကိုဖိကုပ်ကိုင်လိုက်သည်။

Daniel KingWhere stories live. Discover now