Part-84

9.3K 359 82
                                    

Unicode

"ဘေဘီက မောင့်ဆီကနေထွက်ပြေးနေတယ်။ လိုက်ခေါ်တာလည်းပြန်မလာဘူး...ဘာဖြစ်လို့
လဲ။မောင့်ကိုကြောက်လို့လား"

"ဟင် !! "

အလုပ်သွားခါနီးနာရီပတ်နေတဲ့ကျေးရဲ့ လှုပ်ရှားမှုတွေအကုန်ရပ်တန့်သွားရ၏။
အခုပဲမိုးလင်းလို့ အောက်ထပ်တောင် မဆင်းရသေးတာကို ထွက်ပြေးတယ်လို့ဆိုလာတဲ့ ဘုရင်က ကျေးအိပ်ယာစနိုးထဲက ကုတင်ပေါ် မလှုပ်မယှက်ထိုင်နေခဲ့သလို ကျေးကလည်း ရေချိုးပြီးပြင်ဆင်နေခဲ့တာပဲဖြစ်သည်။

"ဘုရင် နင်ဘာတွေပြောနေတာလဲဟင်။အိပ်မက်မက်နေတာလား"

"ပြောပါ မောင့်ဆီကဘာလို့ထွက်ပြေးနေတာလဲ
မောင် ဘာအမှားလုပ်မိလို့လဲ"

"ခုနကမှအိပ်ယာနိုးတာလေ...ဘယ်တုန်းက ထွက်ပြေးတာလဲ"

"ညက"

"ငါအိမ်မက်ယောင်ပြီးပြေးတာလား။ နားမလည်တော့ဘူး...ဘာတွေလဲမောင်ရာ"

"ညက အိပ်မက် မက်တယ်။ဘေဘီ မောင့်ဆီက ထွက်ပြေးနေတယ်တဲ့"

ထိုသို့ဆိုလာတဲ့မောင့်ကို မျက်လုံးအပြူးသားဖြင့် ကြည့်ပြီး သက်ပြင်းချမိ၏။

"အိပ်မက်ပဲဟာကို။ရုတ်တရက်ကြီးပြောလာတော့ လန့်သွားတာပဲ"

"လန့်သွားတာဆိုတော့ တကယ်ကြံစည်နေတာလားမသိဘူးကွာ။လာ ...လာမောင့်ဆီလာခဲ့"

"စိတ်ထဲမထားပါနဲ့။ငါက Kingdomမှာပဲ ရှိနေတယ်လေ။ဘယ်ကိုမှ ထွက်မပြေးဘူး။ ဘယ်တော့မှထွက်ပြေးမှာလည်းမဟုတ်ဘူး"

သူ့ဘေးနား တစောင်းဝင်ထိုင်တဲ့ ဘေဘီ့ကို နှမြောတသကြည့်လိုက်ပြီး ဘေဘီ့လက်ထဲက နာရီကိုဆွဲယူ၍ လက်မှာပတ်ပေးသည်။
မြင်သူတကာ မနာလိုချင်စရာကောင်းအောင် အလှတွေပြင်ထားပြီး အလုပ်သွားဖို့ တတ်ကြွနေလိုက်တာများ...

"မနက်စာ ဘာစားချင်လဲ"

"စားချင်တာမရှိပါဘူး။လော့ယန် ပြင်ထားတာ စားသွားမှာပေါ့"

"တစ်ရက်လောက်အလုပ်နားလို့မရဘူးလား"

"အလုပ်ဝင်တာတောင် မကြာသေးတာကို"

Daniel KingWhere stories live. Discover now