Part-94

9.1K 354 88
                                    

Unicode

အန်ကယ့်အလောင်းအရှေ့မှာဒူးထောက်ထိုင်ရင်း
မလှုပ်မယှက်ဖြင့်ကြည့်နေတာ နာရီဝက်ခန့် ကြာနေပြီဖြစ်သည်။

ရှေ့ဆက်ပြီး Kingdomနဲ့The Kingကို ဘယ်လိုစီမံမလဲသိချင်ပေမဲ့ တင်းမာလွန်းတဲ့ မျက်နှာထားတဲ့kingကိုတော့ ဘယ်သူမှမမေးရဲ။

မျက်ရည်တစ်စက်မကျသေးပဲ ရောက်လာထဲက ဒူးထောက်နေတဲ့kingကြောင့် နောက်ဆုံး
ထွဋ်မှာမနေသာတော့သည်မို့ အသံမထွက်ပဲ ကျိတ်ငိုနေတဲ့ကျေးရဲ့လက်ကိုဆွဲကာ...

"kingကိုတစ်ခုခုပြောအုံးလေ။
သူ ဒီအတိုင်းကြီးနေတာကြာနေပြီ"

သူသတိပေးတော့မှပဲ ကျေးကိုယ်တိုင်က သတိကပ်မိသည်။တံခါးအစွန်းနဲ့ဆောင့်မိတဲ့ ခေါင်းက ပေါက်သွားတာမို့ ၎င်းကိုဆေးထည့်ပေးပြီးထဲက မောင်အခုလိုထိုင်နေခဲ့တာပဲ။

"မောင် ... ဝမ်းနည်းရင်ငိုလိုက်လို့ရပါတယ်"

"ဘေဘီ... ဒယ်ဒီတကယ်မရှိတော့ဘူးလား"

"နင်ပျော့ညံ့လို့မဖြစ်ဘူးလေမောင်ရယ်"

မော့ကြည့်လာတဲ့မျက်ဝန်းတို့ကနီရဲနေဆဲ။ သူ့ဒယ်ဒီကို မောင်ဘယ်လောက်ချစ်လည်းသိတာမို့ ဒီအခြေအနေကိုလက်မခံနိုင်ဖြစ်နေမှာ ရိပ်မိပါတယ်။

"အန်ကယ်ကလေ မောင့်ကိုအခုလိုပုံစံနဲ့ မြင်ချင်မှာမဟုတ်ဘူး။မောင်ငိုလိုက်နော်"

"ဘေဘီ... အခန်းထဲသွားနေတော့။ လော့ယန် ဟိုအိမ်ကပစ္စည်းတွေ တစ်ရက်အတွင်းရွေ့ပေး"

"မောင်"

"လိမ္မာတယ် အခန်းထဲသွားနေ"

မတ်တပ်ရပ်၍ပခုံးကနေကိုင်ကာတွန်းပို့နေတာမို့ နောက်ကို လှည့်ကြည့် လှည့်ကြည့်ဖြင့်သာ အခန်းထဲဝင်လာရသည်။မောင် ဘာတွေများကြံစည်နေတာလဲ။

"king မင်းဘာဆက်လုပ်မလဲ"

"video clickပါခဲ့တယ်ကြားတယ်"

"ဟုတ်တယ်"

"အခုပြစမ်း"

"အန်ကယ်သေသွားရတဲ့မြင်ကွင်းကို မင်းကြည့်ချင်လားking"

"စောက်ပိုတွေမပြောနဲ့ပယ်ပင်း။ငါပြဆိုရင် ပြလိုက်"

"မင်းစိတ်ကိုတည်ငြိမ်အောင်အရင်ထားပြီးမှ ဒီvideoကို ငါတို့ပြနိုင်မယ် king"

Daniel KingWhere stories live. Discover now