Part-92

9.4K 354 62
                                    

Unicode

မနက်မိုးလင်းလင်းချင်းပင် kingတစ်ယောက်ထဲ တစ်အိမ်လုံးနီးပါးနှံ့ကာ တစ်စုံတစ်ခုကို အသည်းအသန်ရှာနေသည်။အိမ်အနောက်ဘက် ရောက်မှ ကဒ်ပုံထူထူထဲ ဘဝပျက်နေတဲ့ သူ့Ablumတွေ။

"သွားပြီ သွားပြီ ... ဘယ်ကောင်လက်သရမ်းတာလဲကွာ။ ဘယ်သောက်ကမျဉ်းမသားက လက်သရမ်းသွားတာလဲ။ ထွက်ခဲ့စမ်းပါ ပါးတွေနားတွေလည်ထွက်သွားအောင် ရိုက်ပေးလိုက်မယ်"

ပျက်ဆီးသွားပြီဖြစ်တဲ့ Jennifer Lopez ရဲ့ PCနဲ့ Ablumတွေကို နှမြောကိုင်ကြည့်မိ၏။

"သွားပါပြီ...ရက်စက်လိုက်ကျတာကွာ။ ငါ့အစ်မကို အလယ်ကဆွဲဖြဲထားရလားကွာ
တရားခံသာပေါ်ရင် ကျားစာကျွေးပစ်မယ်
ဘယ်သူလုပ်ထားတာလဲ"

"ငါ"

"ဘယ် ! "

အပေါက်ဝမှာလက်ပိုက်ကာ ဘာမထီမျက်နှာ ထားနှင့် မေးငေါ့ပြနေသူက သူ့ဘေဘီမှ ဘေဘီအစစ်။ဒါဆို တရားခံက ဘေဘီပေါ့။
ဘေဘီသာဆို...ဟ!ဒါမှသူတကယ်ကြွတာ။

"ငါလုပ်ထားတာ ဘာဖြစ်ချင်လည်းပြော"

"ဘေဘီ မောင်ကဘာမှမဖြစ်ချင်ပါဘူး"

"မကျေနပ်ဘူးလားပြော"

"ကျေနပ်ပါတယ်ဘေဘီရဲ့"

"ခုနကပြောတော့ ကျားစာကျွေးမယ်ဆို"

"မောင်မပြောမိပါဘူးဘေဘီရာ"

"ဘာမပြောမိဘူးလဲ။သောက်ကမျဉ်းမသားလို့ လည်းဆဲတယ်...ပါးတွေနားတွေကိုလည်း လည်ထွက်သွားအောင်ရိုက်မယ်တဲ့"

"မောင်မှားသွားပါတယ်ကလေးရယ် "

"ဟင့် နင့်ကိုစိတ်ဆိုးတယ်။ငါနားမလာခဲ့နဲ့"

ငါနားမလာခဲ့နဲ့၏အဓိပ္ပာယ်သည် အခုချက်ချင်းလိုက်ချော့။မချော့ရင် နင်သေမယ် ဟုသက်ရောက်တာကိုသိသူမို့ ထိုကဒ်ထူပုံကြီးကို
ခွကျော်ကာ ဘေဘီ့နောက်အပြေးလိုက်သွားရ၏။

မနေ့ညကဘေဘီသူ့ကိုမေးတယ် Jennifer Lopezနဲ့ဘေဘီနဲ့ဆို ဘယ်သူ့ကိုရွေးမလဲတဲ့။

"Jennifer Lopezက လုံးဝ မောင့်အကြိုက်ပုံစံပဲ"ဆိုတဲ့ အဖြေကို သူဖြေခဲ့သည်။ဒါကြောင့် ဘေဘီစိတ်ဆိုးသွားတာ။အခုပဲကြည့် မျက်နှာလေးကနီရဲကာ ဧည့်ခန်းမှာ ငြိမ်ငြိမ်လေး ထိုင်နေသည်။

Daniel KingWhere stories live. Discover now