Part-40

21.3K 663 80
                                    

Unicode

" မောင့်ဘေဘီ "

"ဟင်  ဘာလဲ"

"ဘာရယ်တော့မဟုတ်ပါဘူး။မောင်စဉ်းစား ထားတာလေးပြောပြချင်လို့"

ကျေးကိုမော့ကြည့်ရင်း ပြောလာတဲ့ဘုရင်က လူနာလား ကျေးကလူနာလားဝေခွဲမရတော့ချေ။ ကုတင်တစ်ခုလုံးကို သူကပဲအပိုင်သိမ်းထားကာ ထိုင်နေတဲ့ကျေးရဲ့ပေါင်ပေါ် ခေါင်းအုံးအိပ်နေပြန်၏။

"ဘေဘီ မောင်ပြောမလို့"

"ပြောပါဆို။ငါနားထောင်နေတယ်"

"အဟွန်း ! ဒီလိုမှပေါ့"

"ပြော ဘာလဲ"

"မနက်ဖြန်ဆို အိမ်ကိုရွေ့ရအောင်နော်။ ဟိုမှာ ဘေဘီအနားယူဖို့ ဆေးကိရိယာတွေရော အကုန်ပြင်ဆင်ထားပြီးပြီ"

"အင်း။နင့်သဘော"

"ဘေဘီနေကောင်းအောင်နေ။နေကောင်းရင် မောင်တို့ခရီးထွက်ကျရအောင်"

"နင့်သဘောလေ"

"ပြောပြန်ပြီ"

ဘေဘီအခုလိုပြောနေတာက သူ့ကိုရွဲ့နေတာပဲလို့ ခံစားရစေ၏။ ပုံမှန်ဆို မသွားချင်ပါဘူး ငြင်းရမှာလေ။ဘေဘီကငြင်း...သူက ဇွတ်ပြော ။ အဲ့လိုဖြစ်နေရတာမှာကို အကောင်ပေါက်လေးက ရုတ်တရက်ကြီးလိမ္မာနေတာ သူနေသားမကျ။

"ဘေဘီ့သဘောကိုပြော။မောင့်သဘောမလုပ်နဲ့ မောင်က ဘေဘီ့သဘောကျလုပ်ပေးမှာ"

သူ့ရင်ဘတ်ပေါ်တင်ထားတဲ့ ကျေးရဲ့လက်တွေကို နမ်းပြန်၏။မျက်ခုံးနှစ်ဖက်ထိစပ်လုသည်အထိ မျက်မှောင်ကျုံ့ထားပုံက တစ်ခုခုကိုအလိုမကျဟန် အထင်းသားပေါ်လွင်နေသည်။

"ပြောလေဘေဘီကလည်း ဘေဘီသွားချင်ရဲ့လား"

"သွားချင်ပါတယ်။ပြန်မရောက်တာ ကြာနေပြီဟာကို"

"ဘေဘီကဘယ်ကိုပြန်ချင်တာလဲ"

"မန္တလေးကိုပေါ့"

"အင်း ။ ဘေဘီ့သဘော ။ မောင်က ဘေဘီ့ဆန္ဒကို ဦးစားပေးတယ်နော် ။သိလား ...ဘေဘီ့ကို မောင်ကလွဲပြီး ဘယ်သူကမှပိုမချစ်ပေးနိုင်ဘူး"

"သိပါတယ်"

ကျေးရဲ့စကားကြောင့်ထင် သူက ငေါက်ခနဲထထိုင်၏။ပြီးမှ ကျေးရဲ့လက်တဖက်ကို ဆုပ်ကိုင်၍ ဆံနွယ်တို့ကိုဖွလာသည်။

Daniel KingWhere stories live. Discover now