Part-46

16K 605 153
                                    

Unicode

သူ့ပေါင်ပေါ်ချီတင်ထားသည့်ကလေးက ဒဏ်ရာကို ဆေးထည့်ပေးရင်း တရှုံ့ရှုံ့ငိုနေသည်မှာ အတော်လေးကြာနေလေပြီ။ရှိုက်သည်အထိ ချော့မရပြုမရငိုနေသည်က ဘုရင်ချော့မော့သည့် စကားတို့ပင် တိုးမပေါက်တော့မို့ ထိုင်ကြည့်နေယုံသာ။

"လူဆိုးကောင်...နင်က ဒီဒဏ်ရာတွေကို ငါသိမှာဆိုးလို့ နောက်ကျမှာပြန်လာတာမလား ဟင့်"

"ဘေဘီ့ကိုတော့လိမ်လို့မရဘူးပဲ"

"ဟင့် ပယ်ပင်းကြောင့်သာမဟုတ်ရင် ဒဏ်ရာရခဲ့မှန်း ငါသိမှာမဟုတ်ဘူး"

"အေးပါ အေးပါ ဘေဘီရယ်။မငိုပါနဲ့တော့"

"ငိုမှာပဲ ငါ့မျက်ရည်နဲ့ငါငိုတာကို"

"မမောဘူးလား ။ ဟင် ဆက်ငိုနေအုံးမှာလား"

"ငိုမှာ"

"ဒါဖြင့် ဆရာဝန်တစ်ခါထဲခေါ်ထားလိုက်မယ်နော်။ ဒီတိုင်းဆက်ငိုနေရင် သတိလစ်သွားတော့မယ်"

"ဘုရင် နင်ငါ့ကိုမရွဲ့နဲ့နော်"

"မောင် ဘာရွဲ့လို့လဲကလေးရဲ့ ။ အဲ့လောက်ငိုနေလို့ စေတနာနဲ့ပြောပေးတာကို"

ပတ်တီးစည်းပြီးတာနဲ့ ဘေဘီက သူ့ရင်ခွင်ထဲ တိုးဝင်ကာငိုနေပြန်၏။ချော့မရပြုမရနဲ့ ငိုနေတာပါလား။ဒီတိုင်းဆို သတိလစ်သွားမှ ဆေးကုရတော့မဲ့ပုံပဲ။

"ဘေဘီ ... အိပ်တော့မှာလား"

"ငါ့ကိုစကားလာမပြောနဲ့"

"ဟော့"

သူကကုတင်ပေါ်ခြေဆင်းရင်း ကုတင်ဘောင်ကို မှီကာထိုင်နေသည်မို့ သူ့ရင်ဘတ်ကြီးထံ မျက်နှာလေးအပ်ပြီးငိုနေတဲ့ဘေဘီ့ကိုယ်လေးက သူ့အပေါ်ရောက်နေ၏။

"အိပ်ရေးမဝပဲနေမယ် ။ ကလေးလေး အိပ်တော့နော်"

"ငိုအုံးမှာ"

"ဆက်ငိုရင် မောင်နဲ့အတူရေချိုးရမှာနော်"

"ဟင် နင်ကရေချိုးအုံးမှာလား"

"အေးပေါ့ ။ ဘေဘီပဲချွေးနံ့နံရင် မောင်နဲ့မအိပ်ဘူးဆို"

"စတဲ့ဟာကို"

နှုတ်ခမ်းလေးမဲ့၍ပြောလာသူကြောင့် ဘုရင့်မျက်နှာကြီးမော့၍ ရယ်လိုက်၏။ ဘေဘီ့ပါးပြင်လေးတွေကိုဖျစ်ညစ်ကာ ထိုနှုတ်ခမ်းလေးတွေကို နမ်းရှိုက်လိုက်သည်။

Daniel KingWhere stories live. Discover now