Part-35

22.7K 788 215
                                    

Unicode

"ဘာရယ်နေတာလဲ ငါ ကယ်လီပယ်ကို တကယ်သဘောကျတာ မလိမ်ဘူး"

" ဘယ်သူကဘာပြောနေလို့လဲ"

"မင်းကရယ်နေတာကို"

မကျေမနပ်ပြောလာသည်မို့ မျက်နှာပိုးသတ်ရသည် ။တော်ကြာ သူ့ညီမအလိမ္မာလေးဆီ သွေးထိုးနေမှဖြင့် သူပဲအသည်းကွဲရအုံးမည်။

"သေချာလို့လား။ကယ်လီပယ်အကြောင်း မင်းသေချာမသိပဲ"

"မင်းသဘောမတူချင်တာလား။ဘာဖြစ်လို့လည်း သူရောငါရောက ယောကျာ်းတွေဖြစ်နေလို့လား"

"အဟွန်း  အချစ်တစ်ခုမှာ လိင်သတ်မှတ်ချက်တွေမရှိဘူး။ကျွန်တော်တို့ ချစ်တဲ့လူတိုင်းကို လွတ်လပ်စွာချစ်ပိုင်ခွင့်ရှိတယ်"

Daniel Kingရဲ့စကားကြောင့် အရင်က သူ့အပေါ်ထင်ခဲ့တဲ့အမြင်တွေဟာ တတ်တတ်စင် လွဲမှန်းသိလိုက်ရလေ၏။ဘိန်းဘုရင်တစ်ယောက် လို့ သတင်းမွှေးတဲ့လူကို လူယုတ်မာတစ်ယောက် အဖြစ်ထင်ခဲ့ဖူးသည်။လူသတ်သမားDam Kingရဲ့ သားမို့ ဆိုးဝါးတဲ့လူတစ်ယောက်လို့ ထင်ခဲ့ဖူးသည်။

"ဘာဖြစ်လဲ။ကျွန်တော့်မျက်နှာမှာ ဘာပေနေလို့ အဲ့လိုကြီးစိုက်ကြည့်နေတာလဲ။ရှက်လာပြီ"

"မင်းက ငါထင်ထားတာနဲ့အများကြီးကွာနေတယ် Daniel King"

"Kingလို့ပဲခေါ်"

"မခေါ်ဘူး။မင်းက ငါ့အတွက်တော့ Kingမဟုတ်ဘူး။ငါ့အတွက် ငါကပဲKing"

"အေးပါ ။ ဟုတ်ပါပြီ။ဒါဖြင့် ခင်ဗျားနာမည်ကို မင်းထွဋ်ခေါင်ကင်းလို့ပြောင်းလိုက်ပါလား"

" ငါ့များ မင်းမယားမှတ်နေလား။ကလေးကသာ မင်းမျိုးရိုးနာမည်ယူသုံးလို့ရတာ"

"မကျေနပ်ရင် ကျွန်တော့်ကိုယူလိုက်ဗျာ"

ရုပ်တည်ကြီးနဲ့ပြောနေသူကို ထွဋ်က သေချာ စိုက်ကြည့်လိုက်၏။ ဆိုဖာပေါ်ခပ်နွဲ့နွဲ့မှီထိုင်ကာ ခြေထောက်တစ်ဖက်ချိတ်ရင်း သူ့ကို မျက်စပစ်ကာဖြင့်ပြောနေသူမှာ အကြောက်အလန့်မရှိတာသိသာသည်။

"ကျွန်တော့်ကိုအခုလိုဆက်ပြီး စိုက်ကြည့်နေမယ်ဆို ခင်ဗျားမျက်နှာကြီးကို တစ်ခုခုနဲ့ဖုံးထားပါလား။ အိမ်ကမိန်းမကိုမတွေ့ရလို့လွမ်းရတဲ့ကြားထဲ သူနဲ့မျက်နှာဆင်တဲ့ ခင်ဗျားဆီက စိုက်ကြည့်ခံရတာ အဆင်ပြေတယ်ထင်လို့လား။ ဖုံးထားစမ်းဗျာ ဒီတိုင်းဆက်သွားနေရင် falling in loveကုန်တော့မယ်"

Daniel KingWhere stories live. Discover now