Part-56

12.4K 497 88
                                    

Unicode

လေပြေအေးအေးတို့ဟာ မျက်နှာဆီရိုက်ခတ်လျက် သူက ပင်လယ်ဘေးမှာ ထိုင်နေသည်။ လေထုဟာအေးပေမဲ့ သူနွေးထွေးနေသည်မှာ သူ့ရဲ့ပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲ မှီထားတဲ့ မိန်းကလေးကြောင့်ပဲဖြစ်မည်။

"မောင်"

အနှီမိန်းကလေးက သူ့ကိုမောင်ဟုခေါ်နေသည်။
သူဖက်ထားတဲ့ ဒီကလေးက နွေးထွေးသည်၊မက်မောစရာ ကောင်းပြီး သူ့ရင်တွေ အခုန်မြန်လာလေလျက်။

"မောင့်ဘေဘီ"

သူကိုယ်တိုင်တောင်ထိမ်းချုပ်မရပဲ ထွက်သွားသည့် စကားသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။

မျက်နှာကိုသေချာမမြင်ရ မှုန်ဝါးဝါးဖြစ်နေပေမဲ့ ဘေဘီဆိုတဲ့ကောင်မလေးကို သူ့လက်တွေက တင်းတင်းကျပ်ကျပ်ဖက်ထားသည်။

"မောင့်အချစ်"

"နင် ငါ့ကိုပစ်ထားတယ်"

"မပစ်ထားပါဘူး။မောင့်ဘေဘီကို လိုက်ရှာနေခဲ့တာပါ။မပစ်ထားရပါဘူးကလေးရယ်"

"ငါ့ကိုမချစ်ဘူး"

"မဟုတ်ဘူး။ မောင် မင်းကိုသိပ်ချစ်တာပါ။ ဘေဘီကမောင့်အချစ်ဆုံးလေ မောင် သိပ်ချစ်တာပေါ့"

"လူလိမ်"

ဘေဘီ့လက်ကလေးတွေက သူ့ရင်ဘတ်ကို ထုရိုက်လာပေမဲ့ ကျေနပ်နေသည်။ သူနမ်းရှိုက်ချင်ခဲ့တဲ့ ပခုံးလေးတွေနဲ့ လည်တိုင်ကို နမ်းလိုက်သည်နှင့် လာဗင်ဒါရနံ့သင်းသင်းလေးက နှာခေါင်းထဲ တိုးဝင်လာ၏။

"မောင်ရှာနေခဲ့တာ မင်းပဲ။ မင်းပဲ ဘေဘီ။ မင်းကို မောင်လိုက်ရှာနေခဲ့တာ"

ထင်ထင်ရှားရှားမမြင်ရသည့် မျက်နှာလေးကို အုပ်ကိုင်ရင်း သူ့ပါးပြင်ထပ် မျက်ရည်တို့ စီးကျလာ၏။

"ဘေဘီ ... မင်းအခုဘယ်မှာလဲ။ မင်းကိုမောင်တွေ့ချင်နေတာ ရူးတော့မလားမသိဘူး"

"နင် ငါ့ကိုမချစ်ဘူး ဟင့်"

" ချစ်တယ်။ဘေဘီ့ကို မောင်ချစ်တယ်"

ပါးပြင်လေးကိုကြမ်းတမ်းစွာနမ်းရှိုက်နေဆဲမှာပင် ငိုသံလေးတွေကိုလည်း ကြားနေရသည်။ ဒါပေမဲ့ ဒါကအိပ်မက်ပါပဲ ။ ဘေဘီဟာ သူ့အိမ်မက်ထဲမှာသာ ရှိနေပြီး အပြင်ဘက်ကမ္ဘာမှာ လိုက်ရှာမရနိုင်တဲ့ သူ့အချစ်အသက်ဖြစ်နေသည်။

Daniel KingWhere stories live. Discover now