Part-32

21.7K 755 139
                                    

Unicode

Kingရဲ့ပေါင်ပေါ်ထိုင်ကာ ရင်ခွင်ထဲမှီနေတဲ့ ကလေးကို စူးစိုက်ကာကြည့်နေသူ ၄ယောက်က သူတို့ကိုတဖန် မျက်မှောင်ကြီးကျုံ့ပြီး ကြည့်နေသူကို သတိထားမိဟန်မပေါ်ပါ။

"ကလေးက ဘယ်လိုကြည့်ကြည့် မင်းရဲ့ရုပ်ကြီးပါကွာ"

ဦးဆုံးအသံထွက်လာသည်မှာ ပယ်ပင်းဆီက။

"သူ့သားပါဆို သူ့ရုပ်ပေါ့ပယ်ပင်းကလည်း"

"သား ဦးဆီလာပါအုံး"

ပယ်ပင်းကခေါ်ပေမဲ့ ကလေးကမသွားပါ။ခေါင်းခါရင်းသာ kingရဲ့ရင်ခွင်ထဲ ပိုတိုးသွား၏။

"လာပါသားရ။ဦးက မင်းနဲ့ဦးလေးတော်ပါတယ်"

"မာမားကဘယ်သူခေါ်ခေါ်မလိုက်ရဘူးတဲ့"

"အမလေး ! "

"လူတွေကမယုံရဘူးလို့ပြောတယ်"

"ဒါဖြင့် ဒီကောင့်နောက်ကို ဘာဖြစ်လို့လိုက်လာတာလဲ။မယုံရတဲ့အထဲ Daniel Kingက ထိပ်ဆုံးကပါတယ်"

"ပါပါး ပါဆိုမှ။ဦးဦးတို့ကိုပဲမယုံတာ ပါပါးကိုယုံတယ်"

"ဟား ဟား"

သူ့သားရဲ့အဖြေကြောင့် သဘောတကျရယ်မိလေ၏။သူ့အမေစကားကို အတော်လေးနားထောင်သည့်ပုံရတဲ့သားက သူ့နောက်ကို ကောက်ကောက်ပါအောင်လိုက်လာတယ်တဲ့။

"မင်းပါပါးကိုရော ယုံလို့မှာထားသေးလား"

"ဟင့်အင်း "

ခေါင်းခါလိုက်တိုင်း အဖြူရောင်နှင့်အနက်စပ် ဆံပင်အိအိလေးတွေဝဲခနဲဖြစ်သွားတာကို ဘုရင်သဘောကျနေသည်။သားရဲ့ နဖူးလေးကိုနမ်းပြီး ...

"မေးပါအုံးမယ်။သားကပါပါးမှန်း သေချာသိနေတာ ဘယ်သူပြောပြထားလို့လဲ။မာမားပြောပြလား"

"မာမားပြောတာကျတော့ သားရဲ့ပါပါးက အဖြူရောင်ဆံပင်ရှည်ကြီးတွေရှိတယ်တဲ့။ပြီးတော့ ပါပါးနဲ့မာမားရိုက်ထားတဲ့ဓာတ်ပုံကိုပြတယ်"

"သားက မှတ်မိတယ်ပေါ့"

"yes ပါပါး။ပါပါးနဲ့သားက အရောင်တူတယ်လေ"

ဒီကလေး သူ့စကားတွေယူသုံးပြီး သူ့မာမားရဲ့ အချစ်တော်လေးဖြစ်နေတာနေမှာပါ။ ဘေဘီက သူ့ကိုလွမ်းနေခဲ့တာပဲ လွမ်းလို့ ဓာတ်ပုံထုတ်ကြည့်တာပေါ့။

Daniel KingWhere stories live. Discover now