Part - 88

9K 347 54
                                    

Unicode

အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ ဦးရဲ့အကောင့်ထဲ ဝင်ကြည့်မိသည်။နောက်ဆုံးတင်ထားတဲ့ပိုစ့်က တော်တော်ကြာပြီပဲ။ပန်းချီပြခန်းမှာ ရိုက်ထားတာလား မသေချာပေမဲ့ ထိုပိုစ့်ထဲကမှ ပုံအများစုဟာတော့ အမျိုးသမီးတစ်ယောက်ရဲ့ပုံ။

"ဒီမိန်းမက ဘယ်သူလဲ"

တင်ထားသည့် Caption နဲ့ နောက်ထပ်ပိုစ့်တွေကို ကြည့်မိတော့ အစိမ်းနုရောင်ဆံပင်တွေနှင့်မိန်းမ၏ နောက်ကျောပုံ ၊ထိုမိန်းမ၏လက် ၊တင်ထားသည့် ပိုစ့်တွေတိုင်းမှာ နေရာယူထားသည်က အဲ့ဒီမိန်းမ။ဒီမိန်းမက ဦးရဲ့ချစ်သူလား။မဟုတ်နိုင်ပါ။ စေ့စပ်လက်စွပ်ဝတ်ထားသည့်
ထိုမိန်းမ၏လက်ကို ဦးကတယုတကကိုင်ကာ My Babe တဲ့။ထပ်၍ကြည့်မိတော့ အခုမှမဟုတ်ပဲ လွန်ခဲ့တဲ့ 7နှစ်လောက်ထဲက ထိုမိန်းမဟာ ဦးရဲ့ချစ်ရသူဖြစ်နေမှန်းသိလိုက်ရသည်။

"ငါနောက်ကျသွားပြီလား"

ဘေဘီ့ဘဝမှာ ယောကျာ်းတွေကို ဘေဘီကပဲ ငြင်းပယ်ခဲ့တာချည်းသာ။ဦးအလှည့်ကျမှ ဘေဘီ့ကိုတစ်ကြိမ်သာကြည့်ဖူးတဲ့ ဦးကို ချစ်ခဲ့မိသည်။ပိုင်ဆိုင်ချင်ခဲ့သည် ဆိုပေမဲ့ ခြေတစ်လှမ်းနောက်ကျသွားပြီတဲ့လား။

ဒါပေမဲ့...ဒါပေမဲ့ အချစ်မှာနောက်ကျတယ် စောတယ်ဆိုတာမရှိပါဘူးဘူး။ဘေဘီက ဦးကို သဘောကျသည်ဆိုပေမဲ့ ဦးကတော့ ပိုင်ရှင်ရှိနေသည်။ပိုင်ရှင်ရှိလည်း ချစ်လို့ရတာပဲ။ ဦးသာ ဘေဘီ့ကိုချစ်ရင် ဘေဘီက ဦးရဲ့ပိုင်ရှင်ဖြစ်နိုင်တာပဲ။

:::::::

"king ... ညစာစားမယ်လေ"

လှေကားမှာရပ်စောင့်နေတဲ့ ကိုထွဋ်ပခုံးကို ဝင်တိုက်ကာ အခန်းထဲဝင်လာလိုက်၏။
ဘေဘီနဲ့သူ့ကိုခွဲတဲ့ တစ်အိမ်လုံးကို ရန်သူတွေလို့ သတ်မှတ်ထားသလိုအမြင်လည်းမကြည်နိုင်တော့။ဒါကြောင့်ပဲ လော့ယန် ပြင်ပေးတဲ့ အစားအသောက်တွေမစားသလို ဘယ်သူ့ကိုမှလည်း စကားမပြောပဲနေသည်။

"ဟေ့ကောင် ညစာမစားပဲနေမလို့လား"

"... ..."

"ငါတို့ကိုစိတ်ဆိုးနေတာလား"

တစ်ချက်တောင်လှည့်ကြည့်မသွားတဲ့kingက သူတို့အပေါ်စိမ်းသက်လွန်းနေသည်။

Daniel KingWhere stories live. Discover now