Part-9

35.8K 1.1K 63
                                    

Unicode

ဝရံတာဘက်ကလမ်းလျှောက်ထွက်ရင်း မျက်လုံးထောင့်က မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နွယ့်ဒေါသတွေထိမ်းမရသည်ထိ ဖြစ်ရ၏။

ကျေးကိုရင်ခွင်ထဲနစ်မြုပ်မတတ်ဖက်ထားပြီး မျက်နှာမော့ကာ ရယ်နေသည့် kingက နွယ်သိတဲ့ kingနဲ့လားလားမှမဆိုင်ပေ။အရယ်မပြုံးမရှိတဲ့ ခပ်တည်တည်မျက်နှာဟာ နွယ့်ရှေ့မှာဆို ကြည်လင်ပြီးပြုံးရယ်နေလိုက်တာ။ကျေးရဲ့ မေးဖျားလေးကို ဖွဖွကိုင်ကာ မျက်နှာကို နမ်းရှိုက်နေသည်ကလည်း အခါခါပင်။

"နင့်ကို ငါသတ်ချင်တယ်ကျေး "

အံကြိတ်ကာရေရွတ်မိရင်း နွယ့်မျက်စိထဲ မြင်ယောင်လာသည်က အတိတ်ကကျေးရဲ့ အဖြစ်မှန်ကိုပင်။မိဘမဲ့တစ်ယောက်ဆိုပြီး နွယ်နှိပ်စက်ချင်တိုင်း နှိပ်စက်ခဲ့တဲ့ သနားစရာမိန်းကလေး။
နွယ် ဝတ်ပြီး အတန်သင့်ဟောင်းသွားပြီဆိုတဲ့ အဝတ်အစား တို့ကိုမှဝတ်ဆင်ခွင့်ရတဲ့ ကျေးဟာ နွယ်ထပ်လှပနေတာမို့ မနာလိုဖြစ်ရသည်ကလည်း အကြိမ်ကြိမ်ပင်။ကျေးက နွယ့်ကိုချစ်တာ သိလို့ နွယ်နဲ့ဒေါ်လေးကလည်း ချစ်ဟန်ဆောင်ကာ မညာမတာနှိပ်စက်ခဲ့သည်။ အခုတော့ သူမက နွယ့်ကို ပြန်နှိပ်စက်နေပါရောလား။

"နင်က ငါ့အစ်မ မဟုတ်ဘူးကျေး။နင်က ငါ့ကို အမြဲတမ်းနှိပ်စက်တယ်။ငါ့ဘဝတစ်လျှောက်လုံးမှာ နင်ကအကြီးမားဆုံးအနှောင့်အယှက်ပဲ။"

"... ..."

"ဒီစံအိမ်ကြီးမှာ ပျော်နေရမှာကို နင့်ကြောင့် ငါမပျော်နိုင်ဘူး"

ပြတင်းပေါက်ဘောင်ကို လက်သီးဖြင့် ထုလိုက်ပြီး kingနဲ့ကျေးကို စူးရဲစွာစိုက်ကြည့်နေလိုက်သည်။

"သခင်မ ... သခင်မ "

ထိုစဉ် နောက်ပါးဆီကကြားလိုက်ရတဲ့ 'ခေမာ့'အသံကြောင့် ဒေါသတို့က သူမဆီ ရောက်သွား၏။

"ဘာလဲ ဘယ်လိုဖြစ်လို့ ငါ့ကိုအဲ့လောက်ခေါ်နေ ရတာလဲ"

"ခုနကပဲ သခင်မပြောတယ်လေ အပြင်သွားစရာ ရှိတယ်လို့"

"ဟုတ်တယ် အဲ့တာဘာဖြစ်လဲ"

"ခဏနေ သခင်ကြီးအပြင်သွားစရာရှိတယ်။ သခင်မလိုက်မယ်ဆို ခေမာ သွားပြောပေးမလို့"

Daniel KingWhere stories live. Discover now