Part-81

10.1K 375 25
                                    

Unicode

"မင်း ခိုးထွက်ရင်လုပ်မှာနော်ဘေဘီ။
အပြင်ကလူတွေနဲ့ပေါင်းမိရင် အိမ်ကလင်နဲ့
သားပါမေ့တယ်။မသွားရဘူး။ ဘယ့်နှယ်
လင်က ကလပ်သွားလို့မဖမ်းရဘူး
မယားက ကလပ်သွားလို့ဖမ်းနေရတယ်"

ထိုသို့ဆူပူခဲ့ပေမဲ့ အခုလက်ရှိမှာ သူ့ဟာ ဂျိုင်းကြားထဲ ဘေဘီ့ပိုက်ဆံအိတ်ကိုညှပ်လို့ ထိုင်နေရတာပင်။

'ဝမ်'ဆိုသည့်မိန်းမက ဘေဘီ့ကိုအရေးကြီးတယ် ဆိုပြီးခေါ်တော့ အိမ်ကဟာလေးက သွားချင်တာ
ဆွေ့ဆွေ့ခုန်နေတာလေ။ဒါပေမဲ့ မနက်ကမှ
ဆူထားတော့ သူ့မျက်နှာအရိပ်အခြေကို ကြည့်ပါသေးတယ်။နောက်မှ မျက်နှာငယ်လေးနဲ့ ခွင့်တောင်းလာသည့်အဆုံး မနေနိုင်တဲ့သူက လိုက်ပို့ရတာပဲ။

"ဘေဘီ ဟိုဟာမကြီးကမလာသေးဘူးလား"

"ဟင် ! ဘုရင်ကလည်း ဘယ်လိုကြီးပြောလိုက်တာလဲ"

"သူများအိမ်က အဖိုးတန်လေးကို အရက်တွေ
မူးအောင်တိုက်တာ နည်းနည်းလေးမှ မကျေနပ်ဘူး။တစ်ခုခုဖြစ်ရင် သူက ဒီလိုအကောင်ပေါက်လေး ပြန်မွေးပေးနိုင်မှာမို့လား"

"မောင်နော် ! အဲ့လိုမပြောပါနဲ့။အစ်မဝမ်က သဘောကောင်းပြီး ပျော်ပျော်နေတတ်တာပါ"

"အေးပါ။အခြေအနေကိုကြည့်အုံးမယ် ဘေဘီ့အပေါ်နိုင်ထက်စီးနင်းဆက်ဆံပြီဆိုတာနဲ့ တစ်ခါထဲခေါင်းဖြတ်ပေးမှာ"

"လူမသတ်ရပါဘူးဆိုမောင်ကလည်း"

ခန္တီပါရမီပြည့်ဝသူလေးရှေ့မှ ထွက်မိသည်။ ဘေဘီကသူလူသတ်တာ ဆဲတာမကြိုက်ပါဘူး။ သူမရှေ့မှာရိုင်းအောင်ပြောမိရင် မျက်နှာလေးက သုန်မှုန်သွားတော့တာ...အဲ့တာကို သူမကြိုက်တာပဲ ဘေဘီမျက်မှောင်ကျုံ့ရင်ကို သူမနေတတ်တော့တာ။

"မောင် ... အစ်မဝမ်လာပြီ။နင် လျှောက်မပြောနဲ့နော်"

"အေးပါ"

အစိမ်းရောင်တောက်တောက်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားတဲ့ ဝမ် ဆိုသူက ဘေဘီ့ဆီ ပြုံးပြကာ ဆိုင်ထဲဝင်လာသည်။

ဒါကနာမည်ကြီးဒီဇိုင်းနာတဲ့။သူမဝတ်ထားတဲ့
ဒီလိုအူကြောင်ကြောင်ဒီဇိုင်းတွေကို လူတွေက ကြိုက်ကျတယ်ပေါ့။အဲ့ဒီလူတွေထဲ သူ့ရဲ့ ဘေဘီကလေးအပါအဝင်လေ။လူမှားပြီး ဆရာတင်တဲ့သူ့ရဲ့ဘေဘီ။

Daniel KingWhere stories live. Discover now