Part-34

22.6K 758 239
                                    

Unicode

ပခုံးပေါ်အဝတ်စတင်ကာ အလုပ်ရှုပ်နေသူကိုမှ မှိန့်မှိန့်ကြီးထိုင်ကြည့်နေသူလည်းရှိ၏။ လှုပ်ရှားမှု တစ်ခုဆီတိုင်းကို အသေးစိတ်ကြည့်နေသူ့ မျက်ဝန်းမှာ မြတ်နိုးမှုတွေယိုဖိတ်နေသည်မှာ မြင်တဲ့လူတိုင်းသိသာသည်။

"အစ်ကို ... ကော်ဖီသောက်ပြီး စောင့်ပါလား"

"မြကျေးတမာနွယ် ဖျော်ပေးမှ"

"မမက မအားလို့"

"အေးပါ။သူ မအားမှန်းငါမြင်ပါတယ်။ငါ့များ အကန်းထင်နေလား"

"ဟို အဲ့ဒီသဘောနဲ့ပြောတာမဟုတ်ဘူး"

"ဘာသဘောနဲ့ပြောပြော။ သွား ကျားစာကျွေးလိုက်ရတော့"

သူ့စကားကြောင့် ဝန်ထမ်းကလေးမလေးမှာ မျက်နှာငယ်ဖြင့် ထွက်သွားရှာသည်။

ကြွပေါ့ ။ဒီမှာ ကြည့်နေတာကို ကောင်းကောင်းမကြည့်ရဘူး ရှေ့ကလာပြီး ပိတ်ရပ်နေသေးသည်။ဘေဘီ့ဆိုင်ကလူတွေများ ဘေဘီ့လိုမေတ္တာထားလို့ကိုမရဘူး။မေတ္တာတုံး။ ကျက်သတုံး။ကျက်သရေကို အဖြာဖြာတုန်းတယ်။

"Daniel King"

"ဗျာ ဘာတုန်း မောင့်အချစ်ရဲ့"

" ဘာသောက်မလဲ။ကော်ဖီလား အအေးလား"

"ကော်ဖီ"

"တစ်ခုခုစားအုံးမလား"

မျက်နှာသေလေးဖြင့်မေးလာသူကို ပြုံးစိစိကြည့်၍...

"ဘေဘီ့ကိုစားချင်တယ်"

"နင် မဟုတ်တာတွေနော်"

"ဟုတ်ပါတယ်။ဘေဘီက စားလို့ရတယ်။မောင်စားဖူးတယ်။တအားကောင်းတာ"

သူပြောလိုက်သည်နှင့် ဘေဘီ့မျက်နှာလေး ရှုံ့မဲ့သွားရှာသည်မှာ သနားစဖွယ်လေးပါ။

"နော် မောင်ကဘေဘီ့ကိုစားမှာ"

"နင်စားချင်တဲ့ဘေဘီက နင့်အိမ်မှာရှိမှာပေါ့။ နင်အိမ်ကို နင်ပြန်ပြီးစားလေ"

"မပြန်ပါဘူး။ဘေဘီတို့ ဒီဇိုင်နာတွေက ယုံရတာမဟုတ်ဘူး။ဝတ်စုံကို ဟိုနေ့ရမယ်၊ဒီနေ့ရမယ်ပြောပြီး တကယ်ရတာလည်း မဟုတ်ပဲ။ မောင်ကအချဉ်မှမဟုတ်တာ အဲ့တာကြောင့်မို့ ထိုင်စောင့်ရမယ်"

Daniel KingWhere stories live. Discover now