နေဝင်ချိန်

614 16 2
                                    

၁၅ ရာစုအလယ်ပိုင်းတွင် ဂျပန်နိုင်ငံ​၏ ခန်အင်ပါယာသည် အာရှတစ်ခွင်တွင် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ခန်အင်ပါယာကို တည်ထောင်ခဲ့သူမှာ မာဟာခန်ဆိုသည့်ဧကရာဇ်ပင်ဖြစ်သည်။

ခန်အင်ပါယာ မပေါ်ပေါက်ခဲ့ခင်က ဂျပန်နိုင်ငံသည် ပြည်နယ် ၊ ကျွန်းစွယ်တွေအစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေခဲ့သည့် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ပြည်နယ်တစ်ခုချင်းစီမှာတကွဲတပြား အုပ်ချုပ်နေကြသည်ကို တွန်းလှန်ချင်ခဲ့သည့် မာဟာခန်က သူစည်းရုံးထားသည့် ယုံကြည်သူများကိုဦးဆောင်၍ အင်ပါယာ တစ်ခုကိုတည်ထောင်ရန်ကြိုးပန်းခဲ့သည်။

မာဟာခန်ဦးဆောင်ခဲ့သည့် စစ်တပ်မှာ စစ်မက်ရေးရာများတက်မြောက်ကျွမ်းကျင်ပြီး အင်အားကြီးလှသော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာကို တက်သိမ်းနိုင်ဖို့ရာ အဖွဲ့အစည်းတချို့​၏ အကူအညီလိုခဲ့သည်။

စည်းရုံးရေးအတတ်ပညာ အင်မတန်ကျွမ်းကျင်ပါးနပ်သည့် မာဟာခန် ဟာ ထိုအချိန်က တိုက်ခိုက်ရေးစွမ်းရည်အမြင့်မားဆုံးဖြစ်ခဲ့သည့် ဆာမူရိုင်းအဖွဲ့အစည်းနှင့် နင်ဂျာအဖွဲ့အစည်းကို နားဝင်အောင်သိမ်းသွင်းနိုင်ခဲ့သည်။

မာဟာခန်​၏ စည်းရုံးရေးတွင် မက်လုံးတချို့လည်းပါဝင်ခဲ့​၏။

အကယ်၍ သူတို့တည်ထောင်လိုသည့် ခန်အင်ပါယာ အောင်မြင်ခဲ့ပါမူ ဆာမူရိုင်း နှင့် နင်ဂျာတို့အား တိုင်းပြည်​၏ ရာသက်ပန်သူရဲကောင်းအဖွဲ့အစည်းများအနေဖြင့် မြောက်စားမည်ဟု ကတိကဝတ်ပြုခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြင့် မာဟာခန်​၏ ကိုယ်ပိုင်စစ်သားများအပြင်ဆာမူရိုင်းနှင့် နင်ဂျာတို့​၏ သွေးတွေ ချွေးတွေ အကြံအဉာဏ်တွေ ရင်းခဲ့ရပြီးနောက် အစိတ်စိတ်အမွှာမွှာဖြစ်နေခဲ့သည့် ဂျပန်ပြည်​၏ အုပ်ချုပ်ရေးကို တစ်စုတစ်စည်းတည်းစုစည်းနိုင်ခဲ့ပြီး ခန်အင်ပါယာကြီးကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့​၏။

ခန်အင်ပါယာကိုတည်ထောင်ခဲ့သူ တစ်နည်းအားဖြင့် ခန်အင်ပါယာ​၏ ပထမဦးဆုံးဧကရာဇ် ဖြစ်ခဲ့သူ မာဟာခန်ဟာ ဧကရာဇ်သက်တမ်းငါးနှစ်အကြာတွင် သူချစ်မြတ်နိုးရသည့် မိဖုရားခေါင်ကြီးနှင့် ပထမဦးဆုံးသားဦးလေး ဆူရာခန် ကို ဖွားမြင်ခဲ့​၏။

Bamboo ForestWhere stories live. Discover now