အပိုင်း(၂၈) Unicode

1K 151 19
                                    

ဆူရာခန် လက်ထဲကတံဆိပ်ပြားကို တင်းနေအောင်ဆုပ်ကိုင်လို့ထား​၏။ သူ့မျက်လုံးတို့က ရှောင်းကျန့်အပေါ်သို့ အလုံးစုံကျရောက်လို့နေတာဖြစ်ပြီး မည်သည့်စကားတစ်ခွန်းမှမဆိုသေး။ ညီလာခံအတွင်းမှ လူများအားလုံးလည်း တိတ်ဆိတ်ငြိမ်သက်လို့နေကြကာ အခြေအနေကို ရင်တမမနဲ့စောင့်ကြည့်လို့နေသည်။

ခန်အင်ပါယာကြီးတွင် ဧကရာဇ်ပြီးလျှင် အာဏာအရှိဆုံးမှာ ရှောင်းဟာရု ဖြစ်မှန်းလူတိုင်းသိ​၏။ထို့ကြောင့် ဧကရာဇ်အနေနဲ့ မည်သို့တုံ့ပြန်မည်ဆိုတာကို လူတိုင်းစိတ်ဝင်စားကြသည်။ လယ်ပြင်မှာ ဆင်နဲ့ ကျားတွေ့သလို အခြေအနေမျိုးဖြစ်တာကြောင့် မည်သူမှ ဝင်စွက်ဖက်ခြင်းမရှိသေးကြ။

"အရှေ့ထွက်ခဲ့ ရှောင်းကျန့်..."

ဧကရာဇ်​၏ အမိန့်အရရှောင်းကျန့် အရှေ့သို့ထွက်လာခဲ့သည်။ ဆူရာခန်က လက်ထဲက တံဆိပ်ပြားကို ရှောင်းကျန့်ရှေ့သို့ပစ်ချပေးလိုက်ပြီး...

"နားလည်အောင်ရှင်းပြ..."

"လုပ်ကြံခံရတာပါ..."

ရှောင်းကျန့်​​၏ အသံက ပြတ်သားလို့နေ​၏။ မျက်လုံးတို့ကလည်း စူးရဲလို့နေကာ လက်သီးကို ကျစ်နေအောင်ဆုပ်ထား​၏။ လည်ပင်းကသွေးကြောများက ပေါက်ထွက်လုမတတ် ထင်းလို့နေပြီး ဆူပွက်နေသော ဒေါသသွေးတွေကို အတားအဆီးမဲ့မဖြစ်အောင် ထိန်းချုပ်လို့ထားရသည့် အသွင်ဆောင်နေသည်။

"ဘာလို့ လုပ်ကြံခံရတာလို့ ပြောနိုင်တာလဲ..."

"မနေ့ညက အဲ့ဒီလူကျွန်တော့်အဆောင်က်ို ရောက်လာခဲ့ပါတယ်..."

အာမေဋိတ်အသံတွေ၊ ဝေဖန်သံတွေသဲ့သဲ့ထွက်လာသည့်အခါ အားလုံးကို ဆူရာခန်တိတ်တိတ်နေစေလိုက်ပြီး...

"အဆောင်ကိုရောက်လာပြီး ဘာလာလုပ်တာလဲ..."

ရှောင်းကျန့်အတွက်ဖြေစရာစကားမရှိ။

"အဆောင်ထဲထိ ဝင်ရောက်လာခဲ့တယ်ဆိုတော့ ဘယ်လိုဆက်ဆံရေးမျိုးလဲ...ဘယ်အတိုင်းအတာအထိရင်းနှီးကြလို့..."

"အချုပ်ထဲပို့လိုက်..."

​ဆူရာခန် ပြောနေသည့်စကားမဆုံးခင် ရှောင်းဟာရု​၏ ပြတ်သားလှသည့် စကားသံထွက်ပေါ်လို့လာ​၏။ ရှောင်းဟာရုက တွေဝေခြင်းမရှိသည့် မျက်ဝန်းများဖြင့် ဆူရာခန်ကိုကြည့်လိုက်ပြီး...

Bamboo ForestWhere stories live. Discover now