ဝါးရွက်ငယ်လေး ဆာဆာရာ 🎋

135 16 2
                                    

အမဲလိုက်ထွက်ကြသည့် လူများသည် ရရှိလာသောတောကောင်များကို အကြမ်းဖျင်း အရေခွံစုတ်ကျပ်တင်ပြီးသောအခါ သူတို့ကိုယ်တိုင်လည်းရေမိုးချိုးသန့်စင်ပြီးအနားယူဖို့ပြင်ကြသည်။

အားလုံးကို ဝိုင်းကူပြီးသွားသည့် ရှောင်းကျန့်က ကိုယ်လက်သန့်စင်ဖို့ ပြင်လိုက်ပေမယ့် ရေစည်အတွင်းရှိရေများကအေးစက်နေတာကြောင့် တုံ့ဆိုင်းလို့သွားရပြီး ဝတ်စုံအသန့်တစ်ခုကို အိမ်ထဲဝင်ယူကာ မည်သူမှ မသိခင် နေရာတစ်ခုဆီသို့ ဦးတည်၍သွားလိုက်​၏။

အချိန်က အတော်ပင်ညနက်နေတာဖြစ်ပြီး တောလမ်းငယ်လေးတစ်ခုကို ဖြတ်သန်းလာပြီးနောက် လူတစ်ဦးတစ်ယောက်မှမရှိသော ရေပူစမ်းကန် အနီးသို့ရောက်ရှိလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးအအေးရှိန်ကြောင့် အခိုးအငွေ့တွေ့ရိုက်ခတ်နေပါသည်ဆိုလျှင် ထိုရေပူစမ်းကန် ထဲ၌ရေငွေ့လေးများကလည်း ထင်ထင်ရှားရှားရိုက်ခတ်လို့နေတော့​၏။

ရေပူစမ်း နဲ့ ခပ်လှမ်းလှမ်းမှာရှိနေသည့် ကျောက်တုံးတစ်ခုဆီသို့ ရှောင်းကျန့်ပြန်လျှောက်လို့သွားပြီးလက်ထဲကိုင်လာသည့် အဝတ်စားအသန့်တစ်စုံကို ချလိုက်သည်။ ပြီးလျှင် အချိန်ဆွဲမနေဘဲ ခန္ဓာကိုယ်အပေါ်ပိုင်းမှ ဝတ်ရုံလွှာကို ခါးစည်းကြိုးဖြည်လိုက်သည်။ ခါးစည်ကြိုးပြေလျှော့သွားသည့် ဝတ်ရုံလွှာက ရှောင်းကျန့်​၏ ပုခုံးထက်မှသည် မြေပြင်ထက်သို့ကျဆင်းသွားပြီး ​ခြေရင်းနားသို့ ပုံလျက်အနေအထားဖြစ်သွား​၏။

အရိပ်ကောင်းသည့် ဝါးရုံတောငယ်ထဲမှာဖြစ်၍ကောင်းကင်ထက်က လ​၏အရောင်အဝါသည် ဝါးကိုင်းဝါးရွက်တို့ကို အထပ်ထပ်အလွှာလွှာဖြတ်ကျော်ပြီးမှ ရှောင်းကျန့်​၏ အပေါ်ပိုင်းဗလာကျင်းခန္ဓာကိုယ်ထက်သို့အလင်းရောင်အစက်အပျောက်လေးများအဖြစ် ပက်ဖြန်းသည်။

အလင်းရောင်သည် ကောင်းစွာတောက်ပမနေပါသော်လည်း ရှောင်းကျန့်ကျောပြင်ထက်က ဒဏ်ရာဒဏ်ချက်ဟောင်းများ၊ ကြာပွတ်ဒဏ်တွေကြောင့်ထင်ကျန်ခဲ့သော အရှိုးရာတချို့ကိုလည်း ဟိုတစ်စဒီတစ်စမှိန်ပြပြပေါ်လွင်စေ​၏။

Bamboo ForestWhere stories live. Discover now