အပိုင်း (၂၇) Unicode

1K 144 8
                                    

"ဒုန်း...ဒုန်း...ဒုန်း..."

"မင်းသမီး..."

"မင်းသမီး..."

"မင်းသမီး ကျွန်တော်မျိုးတို့ကို ဝင်လာခွင့်ပြုပါ..."

အပြင်ဘက်က တံခါးပြတ်လုမတတ်တဒုန်းဒုန်းထုသံများနှင့်အတူ ကျယ်လောင်စွာအော်ခေါ်သံများကြောင့်နာရာခန် အိပ်ရာမှလူးလဲထဖို့ပြင်လိုက်သည်။သ်ို့သော်လည်းခဲဆွဲထားသလိုလေးလံပြီးကိုက်ခဲနေတဲ့ဦးခေါင်းကြောင့် စိတ်သွားတိုင်းကိုယ်ကမပါလာ။ အပြင်ဘက်ကနေလည်း အဆောင်တံခါးကိုအဆက်မပြတ်ထုရိုက်နေသည်ဖြစ်ရာ...

"ဝင်လာခဲ့..."

ခွင့်ပြုချက်ရသည်နှင့် သူ့နန်းဆောင်တွင်းသို့ဝင်လာကြသည်က ဆယ်ယောက်ထက်မနည်းသော နန်းတွင်းအရာရှိများဖြစ်ကြ​၏။စိုးရိမ်နေကြသောအမူအရာများဖြင့် ရေးကြီးသုတ်ပြာဖြစ်နေကြသည့်ပုံများကြောင့်...

"ဘာဖြစ်ကြတာလဲ..."

နာရာခန်​၏ အမေးကို အရာရှိတစ်ဦးက...

"နန်းတွင်းစာကြည့်တိုက်အနောက်ဘက်မှာရှိတဲ့ တားမြစ်နန်းဆောင်ဖောက်ထွင်းခံလိုက်ရပါတယ်...အရေးကြီးတဲ့ အချက်အလက်တွေ စာရွက်စာတမ်းတွေ အကုန်ပါသွားတယ်...ဧကရာဇ်အမိန့်အရ မင်းသမီးရဲ့နန်းဆောင်ကို လာရောက်စစ်ဆေးခြင်းဖြစ်ပါတယ်..."

အာရုံမတက်ခင် ဝေလီဝေလင်းအချိန်၌လုံခြုံရေးမင်းမှုထမ်းများသည် ခါတိုင်းလိုပင် ညဆိုင်းတာဝန်ကျသည့်လုံခြုံရေးများနှင့် တာဝန်ချိန်လဲလှယ်ရန် စာကြည့်တိုက် ​၏အနောက်ဘက် တားမြစ်နန်းဆောင်သို့ရောက်ရှိလာကြသည်။ ထိုအခါ ခါတိုင်းနှင့်မတူမူမမှန်စွာကင်းစောင့်နေသည့်နေရာမှာပင်အိပ်မောကျနေကြသည့် ညဆိုင်းလုံခြုံရေးများကိုတွေ့သည်။

ထို့ကြောင့် မနက်ခင်းတာဝန်ထမ်းဆောင်ဖို့ရောက်ရှိလာသည့် မင်းမှုထမ်းများက အိပ်မောကျနေသူများကို အတင်းအကြပ် လှုပ်နှိုးလိုက်ကြကာ ဖြစ်ကြောင်းကုန်စင်ကိုမေးမြန်းသည်။

သို့သော် နိုးတစ်ဝက် အိပ်တစ်ဝက်ဖြစ်နေကြသည့် လူများက တစ်စုံတစ်ရာမှ မှတ်မိခြင်းမရှိဘဲ သူတို့ဘာဖြစ်သွားကြမှန်းကိုပင် မသိကြ။ ထိုအခါ အားလုံးထိတ်ပြာသွားရပြီး ထိုနန်းဆောင်​ထဲသို့ဝင်ကြည့်လိုက်သည့်အခါ အတွင်းနန်းဆောင်တံခါးပါပွင့်လို့နေပြီး ခြေရာလက်ရာများပျက်ယွင်းလို့နေတာဖြစ်​၏။

Bamboo ForestWhere stories live. Discover now