အပိုင်း (၃၇) Zawgyi

130 15 6
                                    

ဟာရာရှီ တစ်ယောက်အိပ်နေရင်း ရုတ်တရက်ကြီးဆိုသလို အတွေးတစ်ခုနှင့်အတူမျက်လုံးများပွင့်လာသည်။ မျက်လုံးများပွင့်လာချင်းသူ့လည်ပင်းတစ်နေရာကိုလျင်မြန်စွာစမ်းလိုက်​၏။

လည်ပင်းမှာပြတ်ရှရာတစ်ခုမှမရှိဘဲ သူ့ခေါင်းနဲ့ခန္ဓာကိုယ်ဟာတွဲလျက်ဖြစ်နေဆဲဖြစ်သည့်အခါ သက်ပြင်းချလိုက်ပြီး သူ့ဘေးဘီဝဲယာကို ကြည့်လိုက်တော့ ဝမ်ရိပေါ်​၏ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာအိပ်ပျော်နေသော ရှောင်းကျန့်ကိုတွေ့သည်။

ဆာကေးများသောက်ကာ အမူးလွန်ခဲ့သောသူတို့သည်အိပ်ချင်သည့်စိတ်များသာကြီးစိုးခဲ့တာဖြစ်သည်။ သောက်ရင်းသောက်ရင်းနှင့် သူတို့နဲ့တစ်ဝိုင်းတည်းမှာ ဆာမူရိုင်းတစ်ယောက်အတူတူရှိနေသည်ကိုတောင်မေ့လို့သွားခဲ့တာဖြစ်​၏။

ဆာကေးတစ်ခွက်မှမသောက်ခဲ့ဘဲ အသိစိတ်အကောင်းတိုင်းကြီးဖြစ်နေသည့် ဆာမူရိုင်းတစ်ယောက်ရှိနေလျက်နဲ့ စိတ်ချလက်ချသောက်စားပြီး အိပ်ပျော်သွားနိုင်ခဲ့သည့် သူတို့တွေဟာ သတ္တိအလွန်ကောင်းလွန်းခဲ့သည်။သူတို့အားလုံးအိပ်ပျော်နေတုန်း သူတို့ရဲ့လည်ပင်းတွေကို ဓားနဲ့စိုက်သွားလို့ရသည်။အကယ်၍ သတ်လို့သွားခဲ့ရင်တောင် သူတို့တွေသိလိုက်မည်မဟုတ်။

သူတို့က သတ္တိကောင်းပါသည်ဆိုလျှင် နင်ဂျာတွေကြားထဲမှာ အိပ်ပျော်နေသည့် ဟိုဆာမူရိုင်းကရော။ သူတို့တွေအချင်းချင်းဘာယုံကြည်ချက်နဲ့ တစ်ယောက်ဘေးမှာတစ်ယောက် ဘာမှမဖြစ်သလို စိတ်ချလက်ချ အိပ်မောကျနိုင်ခဲ့သည်မသိ။ ကျိန်းသေတာက သတ္တိချင်းယှဉ်ရင်တော့အဲ့ဒီမြွေပွေးဆာမူရိုင်းကို ရင်ခွင်ထဲပိုက်ထားသည့် ဝမ်လေးက သတ္တိအကောင်းဆုံးဖြစ်လိမ့်မည်။

ဟာရာရှီ တောင်စဉ်ရေမရတွေ လျှောက်တွေးမိနေရင်း အေးစိမ့်နေသည့်ရာသီဥတုအရှိန်ကြောင့် မျက်လုံးများပြန်လည်မှေးစင်းလို့လာသည်။ ဆောင်းတွင်းဖြစ်သည့်အလျောက် မိုးသောက်ယံအတွေးတို့ကဟိုရောက်ဒီရောက်။ အိပ်ပျော်ခြင်းသို့အလုံးစုံမရောက်သွားခင် နောက်ထပ်မဆီမဆိုင်အတွေးတစ်ခုဝင်လာသေးသည်။ *ရင်ခွင်ထဲက ဟိုမြွေပွေးကလည်း ကွေးနေလိုက်တာ သင်းခွေချပ် နဲ့ နင်လားငါလား*

Bamboo ForestWhere stories live. Discover now