အပိုင်း(၃၀) Zawgyi

135 17 3
                                    

အချိန်သည် ရောင်နီထွက်စ ဖြစ်​၏။

သလင်းကျောက်နှင့် ဓားသွား​၏ ပွတ်တိုက်သံတို့သည် အခန်းငယ်အတွင်းပြန့်လွင့်နေသည်။

လက်စွဲတော်ဓားဟူသည် ဆာမူရိုင်းတစ်ဦး​၏ စိတ်ဝိဉာည်ကိုကိုယ်စားပြုသည်။ကိုင်စွဲထားသောဓားကိုကြည့်၍ ဆာမူရိုင်းတို့​၏ဇာတ်နိမ့်ဇာတ်မြင့်အဆင့်အတန်းကိုဖော်ပြနိုင်​သည်။

ထက်ရှပြတ်သားသောဓားတစ်လက်ရရှိဖို့ ဓားသွေးကျောက်သည် အရေးကြီးသောအခန်းကဏ္ဍတွင်ပါဝင်သည်။ပန်းတိမ်ပညာရှင်တို့ မည်မျှပင်ဉာဏ်ကွန့်မြူးထွင်းထု ပုံသွင်းထားလင့်ကစား ထိုဓားတစ်လက်ကိုမသွေးဘဲ ထားရှိပါမူ နဂိုပုံပျောက်၍ သံချေးအလိမ်းလိမ်းဖြင့် ပျက်ယွင်းနေလိမ့်မည်။

ဓားသွေးကျောက်များအနက် လူလုပ်ဓားသွေး
ကျောက်များကို သုံးစွဲခြင်းထက် သဘာဝက ရရှိသောသလင်းကျောက်ကိုသုံးစွဲခြင်းသည်ပို၍ထိရောက်သည်ဟုဆိုသည်။သလင်းသည် မာကြောခြင်းရှိသလို၊ အကြည်ဓာတ်ရှိပြီး စိတ်​၏တည်ငြိမ်ခြင်းကိုပေးစွမ်းနိုင်သည်ဖြစ်၍ဓားသွေးရာတွင်သေချာအာရုံစူးစိုက်နိုင်သည့်အခါ ဓားသွားများကိုပို၍ထက်ရှစေတာဖြစ်သည်။

"သွားရမယ့်အချိန်ရောက်ပါပြီ..."

လက်အောက်ငယ်သားဆာမူရိုင်းတစ်ဦးလာခေါ်သည့်အခါ ရှောင်းဟာရု ဓားသွေးနေခြင်းကိုရပ်တန့်လိုက်သည်။ နေရာမှထလာ၍ခန္ဓာကိုယ်ထက်တွင်ခန့်ညားစွာတည်ရှိနေသော ဆာမူရိုင်းဝတ်စုံကိုပို၍တည်ကြည်သောအသွင်ဆောင်အောင်ပြုပြင်လိုက်သည်။

ဓားအိမ်ကိုခါးထက်တွင်ချိတ်လိုက်သော်လည်း သွေးထားသည့်ဓားကိုတော့ ဓားအိမ်ထဲထည့်ထားခြင်းမရှိဘဲ လက်ကနေကိုင်ဆွဲလို့ထားကာ ရှောင်းအိမ်တော်ဝန်းထဲသို့ထွက်လာသည်။

ရှောင်းအိမ်တော်ဝန်းတွင်ရှိနေသော ဆာကူရာပန်းပင်သည် အကိုင်းအခက်များစုံလင်လွန်းလှသည်။

ရှောင်းဟာရုသည် ထိုဆာကူပန်းပင်​၏ အရှေ့တွင် ခြေစုံရပ်သည်။လက်ထဲကိုင်ထားသည့် ဓားကို မြောက်ကာ ဆာကူရာပင်​အကိုင်းအခက်များ​၏ စုံချက်နေရာကို ရှိသမျှအားဖြင့်လွှဲ၍ခုတ်လိုက်​၏။

Bamboo ForestWhere stories live. Discover now