အပိုင်း(၃) Unicode

1.2K 145 16
                                    

ဆာမူရိုင်းအဖွဲ့အစည်းအိမ်တော်​၏ မျက်နှာစာတွင်ထိုင်ကာ စာဖတ်နေသော ရှောင်းဟာရုအရှေ့တွင် ရှောင်းကျန့် အရိုအသေပေးလိုက်သည်။

ရှောင်းကျန့်ထိုင်ဖို့ပင်မပြင်ရသေး ရှောင်းဟာရု​၏လက်ထဲက လေးလက်မခန့်အထူရှိသည့် ကျမ်းစာအုပ်သည် ရှောင်းကျန့်​၏ မျက်နှာတည့်တည့်ကိုကျရောက်လို့သွား​၏။ ညာဘက်နဖူးထောင့်မှစီးကျလာသော သွေးစတို့ကို သုတ်လိုက်ခြင်းမရှိဘဲ ကြမ်းပြင်ပေါ်ကျသွားသည့် ကျမ်းစာအုပ်ကိုသာ ကောက်ယူလိုက်၍ သူ့အဖေအရှေ့ကခုံပေါ်တွင်အသေအချာပြန်တင်ပေးလိုက်သည်။

"အခေါ်လွှတ်တယ်ဆိုလို့..."

"မင်းသမီး နာရာခန်က အင်ပါယာရဲ့အနာဂတ်ဆိုတာ မင်းရဲ့ခေါင်းထဲစွဲနေအောင် ဘယ်နှစ်ခါပြောပြထားရမလဲ...ပထမဦးဆုံးပေးအပ်ခံရတဲ့ တာဝန်ကိုတောင် အလွဲလွဲအချော်ချော်နဲ့ တကယ်လို့ မင်းသမီးသာတစ်ခုခုဖြစ်သွားရင် အင်ပါယာကြီးလည်း ယိုင်နဲ့သွားလိမ့်မယ်ဆိုတာ မင်းစိတ်ထဲမှာရှိရဲ့လား..."

"တောင်းပန်ပါတယ်..."

"တောင်းပန်ပါတယ်ဆိုတဲ့ စကားတစ်ခွန်းကဘာများလုပ်နိုင်လဲ...အနာဂတ်မှာ ဆာမူရိုင်းတွေရဲ့ ခေါင်းဆောင်ဖြစ်လာမယ့်သူ ၊ ငါ့နေရာကို ဆက်ခံမယ့်သူက မင်းသမီးတစ်ပါးကိုတောင် အန္တရာယ်ကင်းကင်းမစောင့်ရှောက်နိုင်ဘူးဆိုရင် လူတွေအမြင်မှာ ဘယ်လောက်တောင် အကျည်းတန်ရုပ်ဆိုးလဲ..."

"....."

"မင်းရဲ့အပြုအမူတွေ မင်းရဲ့ခြေလှမ်းတွေ မင်းရဲ့ လုပ်ရပ်တွေအကုန်လုံးက ငါတို့ ဆာမူရိုင်းမျိုးနွယ်တစ်ခုလုံးနဲ့ ဆိုင်နေတာမလို့ ရှေ့လျှောက် အမှားတွေမလုပ်မိစေဖို့ မျှော်လင့်တယ်..."

ရှောင်းဟာရုပြောနေရင်းနဲ့ သူထိုင်နေရာဘေးတွင်ချထားသည့် ကြာပွတ်ကိုယူလိုက်ကာ အရှေ့တွင်တုတ်တုတ်မလှုပ်ထိုင်နေသည့် ရှောင်းကျန့်ရှိရာသို့ အားဖြင့်လွှဲရိုက်လိုက်​၏။

ပထမတစ်ချက်မှာပင် ထိသွားသည့် လက်မောင်းဆီမှ သွေးတို့ချက်ချင်းစို့လာသော်လည်း ရှောင်းကျန့်​၏ မျက်နှာတွင်မူ နှုတ်ခမ်းများတင်းတင်းစေ့ထားရုံမှ အပ မည့်သည့်အမူအရာမှ ပြောင်းလဲမသွား။ကြာပွတ်ရိုက်ချက်တွေက အသည်းခိုက်မတတ် ခံစားမှုကိုပေးစွမ်းသော်လည်း ရှောင်းကျန့် တုတ်တုတ်မျှမလှုပ်မိ။

Bamboo ForestWhere stories live. Discover now