အပိုင်း(၁၀) Unicode

1.1K 123 11
                                    

"အာ...ဝမ်...တောင်း...တောင်းပန်ပါတယ် နာရာ အပြင်ပြန်ထွက်ပေးပါ့မယ်..."

ဝမ်ရိပေါ်ရှိရာ အဆောင်သို့နာရာခန်ပထမဦးဆုံးအကြိမ်တစ်ယောက်တည်းခြေကျွံလာမိခြင်းဖြစ်သည်။

အနည်းငယ်ပွင့်ဟနေသည့်တံခါးကြောင့် ခွင့်မတောင်းတော့ဘဲ ဝင်လာမိစဉ် အင်္ကျီလဲနေဟန်ရှိသည့် ဝမ်ရိပေါ်​ကိုအပေါ်ပိုင်းဗလာနဲ့တွေ့မိသွားတာကြောင့်ကြောင်အမ်းပြီးရပ်ကြည့်နေရာမှ အဆောင်ပြင်သို့ပြန်ထွက်သွားတော့သည်။အပြင်သို့ရောက်လာသည့် နာရာခန်ကနံရံတစ်ခုဘက်ကိုကျောမှီလို့ထားပြီးပူထူသွားသည့်မျက်နှာကိုလက်ဖြင့်အသာလေးယပ်ခပ်နေရသည်။

အမျိုးသားတစ်ယောက်​၏ကိုယ်ခန္ဓာကိုဒီလိုပထမဦးဆုံးကွက်ကွက်ကွင်းကွင်းတွေ့လိုက်ရသည်ဖြစ်၍ရှက် စိတ်တို့မွှန်ထူသွားတာဖြစ်မည်။အထူးသဖြင့်ထိုသူကကိုယ်နှစ်သက်ရသည့်အမျိုးသားဖြစ်တာကြောင့်ပိုဆိုးတာဖြစ်သည်။

လူတစ်ယောက်ကဘယ်လောက်တောင်ပြည့်စုံနိုင်သနည်းဟု​မေးလာပါလျှင် သူသည်ဝမ့်ကိုသာလက်ညိုးထိုးပြလိုက်ရတော့မည်။ကျစ်လစ်တောင့်တင်းသောခန္ဓာကိုယ် မဆိုထားနှင့်ခုနက ကြောင်ကြည့်နေမိစဉ်ဖျတ်ကနဲတွေ့လိုက်ရသော ခါးစောင်းထက်ရှိကြယ်ပုံလိုလိုဆေးမှင်ကြောင်လေးသည်ပင်ဝမ်နှင့်အင်မတန်လိုက်ဖက်လွန်းတာဖြစ်သည်။

"ဧကရီ ဝင်လာလို့ရပါပြီ...မသင့်တော်တဲ့ပုံရိပ်ကိုပြမိသလိုဖြစ်သွားရင်တောင်းပန်ပါတယ်..."

"ရပါတယ် ဝမ်..."

အဆောင်ပြင်ဘက်ထိလိုက်လာကာဖိတ်ခေါ်သည့်ဝမ်ရိပေါ်နောက်သို့နာရာခန်လိုက်လို့သွားသည်။အဆောင်ထဲရောက်လာသည့်အခါဝမ်ရိပေါ်ကနာရာခန့်ကိုစားပွဲရှိခုံတစ်ခုတွင်ထိုင်စေလိုက်ပြီး...

"ဒီအချိန်ကြီးဘာလာလုပ်တာလဲ ဧကရီ..."

"ဝမ့်ဆီလာတာလေ..."

ဝမ်ရိပေါ်တံခါးအပြင်ဘက်ကိုလှမ်းကြည့်လိုက်ပြီး...

Bamboo ForestWhere stories live. Discover now