အပိုင်း(၂၃) Zawgyi

128 15 7
                                    

စိတ်...တည်ငြိမ်သောစိတ်...။

အရာရာကို တည်ငြိမ်သောစိတ်အစဉ်ဖြင့် အစပြုပါ။

"တည်ငြိမ်သောစိတ်ရှိခြင်းသည် အမြော်အမြင်ရှိရှိချင့်ချိန်နိုင်မှုကိုပေးစွမ်းနိုင်ပြီး စိတ်လိုက်မာန်ပါပြုလုပ်ခြင်းများကိုတားမြစ်နိုင်​၏"

နင်ဂျာတစ်ယောက်အတွက် စိတ်​၏တည်ငြိမ်ခြင်းသည် အဓိကအကျဆုံးနဲ့အရေးကြီးဆုံးအခြေခံတစ်ခုဖြစ်သည်။

အတွေးများ ထက်မြက်လျင်မြန်ခြင်း၊ ဖြစ်ပျက်နေသောပြဿနာများကိုစိတ်လှုပ်ရှားခြင်းအလျင်းမရှိ တည်ငြိမ်စွာဖြေရှင်းတတ်ခြင်း။

ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်း၊ ဒေါသစိတ်ဖြစ်ပေါ်ခြင်း အစရှိသည့်စိတ်ခံစားချက်များကို အလွန်အကြူးဖော်ပြခြင်းမရှိဘဲ ကိုယ့်စိတ်ကိုယ်နိုင်နင်းစွာ ထိန်းချုပ်တတ်ခြင်း စသည်တို့ကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့မှသာ နင်ဂျာကျင့်စဉ်​၏ အခြေခံအဆင့်ကိုတက်လှမ်းနိုင်မည်ဖြစ်သည်။

စိတ်စွမ်းအား ခိုင်မာစေဖို့ရာ လေ့ကျင့်နည်းအမျိုးမျိုးရှိသည့်အနက် တရားထိုင်ခြင်းသည်အထိရောက်ဆုံးအလေ့အကျင့်တစ်ခုဖြစ်သည်။မျက်လုံးတို့ကိုစုံမှိတ်လိုက်သည့်အခါ ဖြစ်ပေါ်လာသည့်အမှောင်ထုထဲတွင် စိတ်ကိုလွှတ်ထား၍ နှာခေါင်းဖျားသို့ထိခတ်သွားလာနေသည့် ဝင်သက်ထွက်သက်များကိုသာအာရုံစိုက်နေခြင်းသည်စိတ်တည်ငြိမ်မှုကိုပေးစွမ်းသည်။

မျက်လုံးများစုံမှိတ်၍ အမှောင်ထုကိုရှုစားရင်းပင် အာရုံတွေပြန့်လွင့်လို့သွားပါက နောက်ထပ်နည်းတစ်သွယ်ကို အစားထိုးကျင့်သုံး၍ရ​၏။

"ဟင်း..."

ပြင်းထန်လှသည့် ပင့်သက်ရှိုက်သံတို့သည် ဆယ်ကြိမ်ထက်မက။

သာမန်အပူချိန်ထက် အနည်းငယ်ပိုနေသော ရေပူများထည့်ထားသည့် သစ်သား ရေစိမ်ကန်ထဲတွင်ဝမ်ရိပေါ် အပေါ်ပိုင်းဗလာကျင်း၍ကိုယ်ကိုဖြောင့်မတ်စွာထားရှိကာ ထိုင်နေသည်မှာ အချိန်တစ်ခုထိရှိနေပြီဖြစ်သည်။လှိုင်းထခြင်းမရှိပြေပြစ်တည်ငြိမ်နေသော ရေစိမ်ကန်ထဲမှ ရေမျက်နှာပြင်ထက်ကို စူးစိုက်ကြည့်နေသည်မှာလည်း မျက်တောင်တစ်ချက်ပင်မခတ်သည့်အလား။

Bamboo ForestWhere stories live. Discover now