အပိုင်း(၇) Unicode

994 132 6
                                    

နန်းတော် ​၏အဓိကအဆောင်တစ်ခုဖြစ်သည့် စားဖိုဆောင်သို့သွားရာလမ်းတွင် နန်းတွင်းသူလေးများ တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး ရုတ်ရုတ်သဲ သဲဖြစ်နေကြသည်။ မျက်နှာထက်တွင်ထိတ်လန့်မှုများပြည့်နှက်နေကြ​ပြီး တီးတိုးသံလေးများလည်း ညံစီနေကြသည်။

မကြာမီ ထိုနားသို့ နန်းတွင်းစစ်ဆေးရေးမှူးတချို့နှင့် ရှောင်းကျန့်ဦးဆောင်လာသော နန်းတွင်းစစ်သည်တချို့ရောက်ရှိလို့လာကာ ဝိုင်းအုံနေသည့် လူစုကို ခွဲထုတ်လိုက်လေသည်။

ထိုနေရာတွင် ပက်လန်အနေအထားဖြင့် လဲကျသေဆုံးနေသည့် ရုပ်အလောင်းကိုရှောင်းကျန့်ငုံ့ကြည့်လိုက်ကာ...

"ဒါကို ဘယ်သူအရင်ဆုံးမြင်တာလဲ..."

"စားဖိုဆောင်မှာ အလုပ်လုပ်တဲ့ နန်းတွင်းသူလေးနှစ်ယောက်က မြင်တာပါတဲ့..."

"ဘယ်အချိန်ကတည်းကလဲ..."

"စားတော်ပွဲတွေ ချက်ဖို့ပြင်ဆင်တဲ့အချိန်လောက်ဆိုတော့ လင်းကြက်တွန်ပြီး သိပ်မကြာသေးတဲ့အချိန်လို့ယူဆလို့ရပါတယ်..."

​ရုပ်အလောင်းနားတွင် ရှောင်းကျန့် အနီးကပ်ထိုင်လိုက်ပြီး မျက်နှာပြင်ကိုသေချာကြည့်ရှူလိုက်သည်။ လည်ပင်းတစ်ခုလုံးကစ၍ မျက်နှာတစ်ပြင်လုံးခရမ်းရောင်သန်းနေသည့်ပုံက သာမန်လူတွေအတွက်တော့ ခြောက်ခြားဖွယ်ရာအတိ။

လိမ်ကောက်တွန့်ကွေးနေသည့် ခြေချောင်းလက်
ချောင်းများက မသေဆုံးခင် အင်မတန်ဆိုးရွားလွန်းသည့် ဝေဒနာကို ခံစားသွားရဟန်ရှိသည်။ဥပမာ အသက်ရှူရခက်ခဲခြင်းမျိုး။

ထိုသေဆုံးသူ​၏ ဝတ်ရုံထက်မှာ ချိတ်ဆွဲထားသည့် တံဆိပ်ပြားကိုသာ မတွေ့ရင် မည်သူမည်ဝါဆိုတာကို ခွဲခြားလို့မရအောင် ဖြစ်ရသည်။ သေဆုံးသွားသူက နန်းတွင်းစစ်သည်တွေထဲက ထက်မြက်သူတစ်ယောက်ဖြစ်ပြီး လက်အောက်ငယ်သားတွေရဲ့လေးစားခြင်းခံရသည်။ရန်ငြိုးရန်စ တွေလည်းမရှိသလောက်ရှားတာဖြစ်​၏။

စစ်ဆေးရေးမှူးဘက်သို့ ရှောင်းကျန့်လှည့်ကြည့်လိုက်ပြီး...

"ဘာကြောင့်လို့ထင်လဲ..."

"အဆိပ်မိတယ်လို့ယူဆလို့ရပါတယ်..."

Bamboo ForestWhere stories live. Discover now